ဆော်ဒီအာရေဗျ ရဲ့ ရေကြောင်း အဝင်အထွက်တွေကို ပိတ်လိုက်ပြီလို့ ဟူသီလက်နက်ကိုင်တွေက ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆော်ဒီအာရေဗျ ရဲ့ ရေကြောင်း အဝင်အထွက်တွေကို ပိတ်လိုက်ပြီလို့ ဟူသီလက်နက်ကိုင်တွေက ကြေညာ

 


ဇူလိုင် - ၂၁ ( အင်္ဂါနေ့ ) 

အီရန်ရဲ့ ကျောထောက်နောက်ခံ ရထားတဲ့ ယီမင်နိုင်ငံက ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဆော်ဒီအာရေဗျကို ရေကြောင်းပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာလိုက်ပြီး နောက်မှာတော့ နှစ်ဘက်ကြား နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ပဋိပက္ခ မြင့်တက်လာမှုလည်း ဖြစ်ပါတယ်။

ဆော်ဒီရဲ့ ကျောထောက်နောက်ခံရတဲ့ ယီမင်အစိုးရတပ်တွေဘက်က အီရန်နိုင်ငံကနေ ပြန်လာတဲ့ ဟူသီကိုယ်စားလှယ်အဖွဲ့ ပါလာတဲ့ အီရန်လေယာဉ် ဆင်းလို့မရအောင် စန်နားအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တစ်ပတ်အကြာမှာ ထွက်ပေါ်လာတာပါ။ တနင်္လာနေ့က ထုတ်ပြန်ချက်တစ်ခုမှာတော့ ဟူသီစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာ ဆာရီး က အခုလို ပိတ်ဆို့ခံထားရတာကို "မတရားသဖြင့် ဖိနှိပ်ထားတဲ့ ဝန်းရံပိတ်ဆို့မှု" ဆိုပြီး ရှုတ်ချခဲ့ပါတယ်။

" 'မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး' ဆိုတဲ့ သဘောတရားအတိုင်း၊ ယီမင်က ဟူသီစစ်တပ်အနေနဲ့ ရာဇဝတ်ကောင်ရန်သူ ဆော်ဒီ ပေါ် သတ်မှတ်လိုက်တဲ့ ရေကြောင်းဆိုင်ရာ ကုန်သွယ်ရေး ပိတ်ဆို့မှုကို ချက်ချင်း စတင်လိုက်ပါပြီ" လို့ ဆာရီးက အိတ်စ်ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ပြောရေးဆိုခွင့်ရှိသူက ဆော်ဒီအာရေဗျဘက်က "မိုက်မဲတဲ့ လုပ်ရပ်" လုပ်လာခဲ့ရင် "ဘက်ပေါင်းစုံကနေ ပြတ်ပြတ်သားသား အဆင့်မြှင့် တုံ့ပြန်သွားမယ်" လို့လည်း သတိပေးခဲ့ပါတယ်။

ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ "ဟူသီ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့" ကို ရှုတ်ချလိုက်ပြီး "အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ သူတို့ရဲ့ သင်္ဘောတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု အားလုံးကို လုပ်ဆောင်သွားမယ်" လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

ရှီယိုက် အစ္စလာမ်ဘာသာရေး အဖွဲ့တစ်ခုဖြစ်တဲ့ ဟူသီတွေဟာ ၂၀၁၄ ခုနှစ် ယီမင် ပြည်တွင်းစစ်အတွင်း မြို့တော် စန်နာ ကို သိမ်းပိုက်ခဲ့တာပါ။ တစ်နှစ်အကြာမှာတော့ ဆော်ဒီအာရေဗျဟာ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင်အစိုးရဘက်ကနေ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို ဦးဆောင်ခဲ့ပါတယ်။

ဆော်ဒီဦးဆောင်တဲ့ လေကြောင်းကနေ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ ဟူသီတွေကို စန်နာမြို့ကနေ မဖယ်ရှား နိုင်ခဲ့သလို၊ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေရဲ့ ရှုတ်ချမှုကိုလည်း ခံခဲ့ရပါတယ်။ ဒါ့အပြင် ယီမင်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ပြီး လူသန်းပေါင်းများစွာကိုလည်း အိမ်ခြေမဲ့ ဖြစ်စေခဲ့ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)