VPN ဝန်ဆောင်မှုလုပ်ငန်းများတရားဝင်ချပေးပြီး တာဝန်ခံမှုနှင့် လုံခြုံအဆင်ပြေချောမွေ့သော Social ပလက်ဖေါင်းများအားအသုံးပြုနိုင်မည်ဟုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

VPN ဝန်ဆောင်မှုလုပ်ငန်းများတရားဝင်ချပေးပြီး တာဝန်ခံမှုနှင့် လုံခြုံအဆင်ပြေချောမွေ့သော Social ပလက်ဖေါင်းများအားအသုံးပြုနိုင်မည်ဟုဆို




နေပြည်တော်၊ ဇူလိုင် ၂၈

အမျိုးသားလွှတ်တော်၏ ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့်သိပ္ပံနည်းပညာကော်မတီ များတွင်အဖွဲ့ဝင် အဖြစ် တာဝန်ယူထားသည့် ဦးဇော်ဝင်းသန့် က သူ၏ လူမှုကွန်ရက်မှ ရေးသားဖော်ပြထားရာတွင် ယမန်နေ့က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အမျိုးသားလွှတ်တော်မှ ကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး ဆိုက်ဘာလုံခြုံရေးနည်းဥပဒေပြဌာန်းပြီးမှ VPN ဝန်ဆောင်မှုလုပ်ငန်းများတရားဝင်ချပေးပြီး တာဝန်ခံမှုနှင့်လုံခြုံအဆင်ပြေချောမွှေ့သော Social ပလက်ဖေါင်းများအားအသုံးပြုနိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ဦးဇော်ဝင်းသန့်က "ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နဲ့  ကျနော်တို့ ကော်မတီအစည်းဝေးကျင်းပခဲ့ကြတယ် အဲ့ဒိအစည်းအဝေးမှာ VPN ကိစ္စကို အချက် ၃ချက်နဲ့ ကျနော်ဆွေးနွေးခဲ့တယ်။ နိုင်ငံတော်အခြေအနေသည်မူလထက်တည်ငြိမ်အေးချမ်းသောအခြေအနေနှင့် ဆိုက်ဘာလုံခြုံရေးကိုလည်း အထိုက်အလျှောက်ထိမ်းချုပ်နိုင်ပြီ ဖြစ်သဖြင့် VPNဖြုတ်ပေးရန် ရှိ မရှိ၊ အကယ်၍မရှိဘူးဆိုလျှင် အစိုးရက ထိမ်းချုပ်နိုင်သော တရားဝင်VPNကို ခွင့်ပြု၍ နိုင်ငံတော်အခွန်တိုးစေရန်ဆောင်ရွက်နိုင်ခြင်း ရှိ မရှိ၊ ဒါမှအခက်အခဲရှိပါကလည်း နယ်မြေတည်ငြိမ်မှုအပေါ်ခွဲခြား ကန့်သက်၍ ခွင့်ပြုပေးရန် ရှိ မရှိ တို့အား အများပြည်သူများဖြစ်ပေါ်ခံစားနေရသော social media အသုံးပြုခြင်းဆိုင်ရာ အခက်အခဲများကို တင်ပြ၍ဆွေးနွေးမေးမြန်းခဲ့ ါသည်။ ဝန်ကြီးဌာန၏ပြန်လည်ဖြေကြားချက်မှာ - ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ဆိုက်ဘာလုံခြုံရေးအတွက် VPNခံ၍ ကန့်သက်အသုံးပြုခွင့်ပေးခြင်းများ ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေကိုပြဌာန်းပြီးဖြစ်သော်လည်း ဥပဒေကိုတိကျသေချာစွာ ဆွဲကိုင်အသုံးပြုရန် နည်းဥပဒေပြဌာန်းနိုင်ရန် ရေးစွဲနေသောကာလဖြစ်ပါသည်။ နည်းဥပဒေပြဌာန်းပြီးမှ VPN ဝန်ဆောင်မှုလုပ်ငန်းများ တရားဝင်ချပေးပြီး တာဝန်ခံမှုနှင့်လုံခြုံအဆင်ပြေချောမွှေ့သော Social ပလက်ဖေါင်းများအား အသုံးပြုနိုင်မည်ဖြစ်သဖြင့် နည်းဥပဒေအတည်ပြုပြဌာန်းနိုင်ရေး လွှတ်တော်သို့တင်ပြပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်ကူညီခြင်းဖြင့် ပြည်သူများ၏ အခက်ခဲကို အမြန်ဆုံးဖြေရှင်းနိုင်ရေး ကြိုးစားလျှက်ရှိကြောင်း ဖြေကြားခြင်းအားသိရှိနိုင်ရန် တင်ပြအပ်ပါသည်" ဟု ပြောဆိုထားသည်။


#MNP #News



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)