နီပိန်း ပြည်ဖျက်မိစ္ဆာတွေရဲ့ ဘက်တော်သား ထိုင်းပြည်သူ့ပါတီ ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် သမ်ချိုင်း (Anusorn Thamjai) - Myanmar National Post

Myanmar National Post

News Agency

Breaking

နီပိန်း ပြည်ဖျက်မိစ္ဆာတွေရဲ့ ဘက်တော်သား ထိုင်းပြည်သူ့ပါတီ ကိုယ်စားလှယ် လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် သမ်ချိုင်း (Anusorn Thamjai)



နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းလွှတ်တော်ကို သွားရောက်ချိန်မှာ ထိုင်းနိုင်ငံ ပြည်သူ့ပါတီ (People's Party) မှ ဘန်ကောက်မြို့ ကိုယ်စားပြု လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် သမ်ချိုင်း (Anusorn Thamjai)  က ထိုင်းလွှတ်တော်တွင် ကော်ဇောနီခင်း ကြိုဆိုမှုကို လက်မခံနိုင်၍ကြွေးကြော်အော်ဟစ်ခဲ့တာကို ပြည်ဖျက်မီဒီယာတွေက သတင်းလုပ်ပြီး ရေးနေလေရဲ့။

ထိုင်းလွှတ်တော်ထဲမှာ ထိုပုဂ္ဂိုလ်တစ်ဦးရဲ့ လုပ်ရပ်ကြောင့် အနည်းငယ်ရှုပ်ထွေးမှုဖြစ်ပေါ်ခဲ့တာကို ပြည်ပြေး ဝရမ်းပြေး ခွေးဝဲစား ဆွေဝင်းရဲ့ Myanmar Now သတင်းဌာန က ရုပ်သံဖော်ပြထားလေရဲ့။

အဖျက်သမားတွေမှာ အဖျက်အမှောင့် လုပ်ရပ်ကိုပဲ ဟိုက်လိုက်လုပ်ရေးတာတော့ မထူးဆန်းပါဘူး။ အဲဒီလွှတ်တော်အမတ် က သတင်းစာရှင်းလင်းပွဲလုပ်ပြီး "ဒီမနက် ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့ လုပ်ခဲ့တာဟာ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေ၊ မြန်မာပြည်သူတွေနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဒုက္ခရောက်နေသူတွေအတွက် ဖြစ်ပါတယ်။ ထိုင်းလွှတ်တော်ကိုယ်စားလည်း ရပ်တည်ချက်ကို ဖော်ပြခဲ့တာပါ။ အစိုးရ ဒါမှမဟုတ် လွှတ်တော်က စစ်ရာဇဝတ်မှုကျူးလွန်သူ အာဏာရှင်တစ်ဦးကို ပြည်သူတွေရဲ့ လွှတ်တော်အဆောက်အအုံမှာ ကြိုဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သဘောမတူဘူးဆိုတာ ပြသချင်တာပါ" ဟု ပြောသတဲ့။

ဒီပုဂ္ဂိုလ်ဟာ ပြည်ဖျက်မီဒီယာတွေက ရေးသားဖြန့်ဝေတဲ့ သတင်းတွေကို အဟုတ်ထင်ပြီး ကျွန်တော်တို့ တိုင်းပြည်ရဲ့ ခေါင်းဆောင်အပေါ် အထင်လွဲ အမြင်မှား ဖြစ်နေဟန်တူပါရဲ့။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း သူလို သတင်းအဆိပ်သင့်နေသူတွေများပါတယ်။ ထိုင်းလွှတ်တော်အမတ်ကြီးလည်း သတင်းအဆိပ်သင့်လူသားဖြစ်နေခြင်းကြောင့် နီပိန်းတွေလိုပဲ မလုပ်သင့်တဲ့အလုပ်ကို မလုပ်သင့်တဲ့နေရာ ထလုပ်တဲ့ သဘောရှိပါတယ်။

ဒါမျိုးတွေကို ခွင့်လွှတ်သည်းခံရပါတယ်။ သူတို့တွေမှာ ရဟန်းရှင်လူပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်၊ လမ်းတံတား၊ အဆောက်အဦးတွေကို ဖျက်ဆီးနေတဲ့ CRPH, NUG, PDF တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို မသိဘူး။ သိအောင်လည်း မလေ့လာကြဘူး။ ပြည်ဖျက်မီဒီယာတွေက ဖော်ပြတဲ့ သတင်းအမှားတွေကို အမှန်ထင်ပြီး အခုလို မလုပ်သင့်တဲ့ အလုပ်ကို လုပ်တာ။

လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် သမ်ချိုင်း (Anusorn Thamjai)  ဆိုသူသည် မြန်မာပြည်နဲ့ ပတ်သက်လို့ သိသင့်တဲ့အချက်တွေကို သိရှိထားခြင်း မရှိဘူး။ ဒါကြောင့် နီပိန်းတွေလိုပဲ သွေးရူးသွေးတန် အရူးအပေါတစ်ယောက်လို လုပ်မိလုပ်ရာ လုပ်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ခဲ့တယ်ဆိုတာမျိုး ပြောတာက လွန်လွန်းတာပေါ့။

လွှတ်တော်အမတ် ဒေါက်တာ အနုဆွန် သမ်ချိုင်း ရဲ့ လုပ်ရပ်က မြန်မာပြည်သူတွေဘက်က ရပ်တည်ခြင်း မဟုတ်ပါဘူး။ မြန်မာပြည်ကို နည်းမျိုးစုံနဲ့ ဖျက်ဆီးနေတဲ့ ဒီမိုကရေစီအရည်ခြုံ အစွန်းရောက် အကြမ်းဖက်ဝါဒီ CRPH, NUG, PDF ဆိုတဲ့ ပြည်ဖျက်မိစ္ဆာတွေဘက်က ရပ်တည်ပြီး လုပ်ခဲ့တဲ့ မှားယွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

ဒီလိုပါပဲလေ မြန်မာပြည်မှာလည်း အနောက်အုပ်စုရဲ့ သြဇာခံ ဒီမိုကရေစီအရည်ခြုံ နီပိန်း အစွန်းရောက်တွေ ရှိသလို ထိုင်းမှာဆို ထောက်ပံ့ရေးလမ်းကြောင်းတွေကလည်း ပွင့်နေတာဆိုတော့ ထိုင်းနီပိန်းတွေလည်း ရှိမှာပေါ့။ 

နိုင်ငံတော်သမ္မတကြီးအနေနဲ့ က ပြည်ဖျက်မိစ္ဆာ နီပိန်းတွေကိုလည်း သည်းခံခွင့်လွှတ်ရသလို ထိုင်းလွှတ်တော်အမတ် ဆိုသူရဲ့ မသိမှု၊ မိုက်မဲတဲ့ လုပ်ရပ်ကို သည်းခံခွင့်လွှတ်ခြင်းဖြင့်သာ မြန်မာပြည် ပြန်ခဲ့ပါသတည်း။


နောင်

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)