မူးမြစ်ဘေး ကျေးရွာများ ရေဝင်နစ်မြုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးသော စားနပ်ရိက္ခာများ ဖြန့်ဝေပေးလျှက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မူးမြစ်ဘေး ကျေးရွာများ ရေဝင်နစ်မြုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးသော စားနပ်ရိက္ခာများ ဖြန့်ဝေပေးလျှက်ရှိ






ကန့်ဘလူ၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်နှင့် တန့်ဆည်မြို့နယ်အတွင်းရှိ မူးမြစ်ဘေးမှ ကျေးရွာများ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ရေဘေးသင့် ပြည်သူများထံ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီပံ့ပိုးသော စားနပ်ရိက္ခာများ လိုက်လံဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ရေဘေးအခြေအနေနှင့် ပတ်သက်၍ ဆရာတော် ဦးဝါသဝ ထံ ဆက်သွယ်မေးမြန်းရာ "မူးမြစ်ဘေးက ရွာတွေ ရေဝင်နစ်မြုပ်တယ်။ မူးခွတံတားနဲ့ ကျွန်လည်တံတား ရေနောက်ကို ပါသွားပြီ။ အခု တိုင်းဒေသကြီးအစိုးရအဖွဲ့က ပံ့ပိုးတဲ့ စားနပ်ရိက္ခာတွေ လိုက်လံဖြန့်ဝေပေးလျက်ရှိပါတယ်။ သဖန်းဆိပ်ဆည်ရေအမှတ် က ၅၄၄.၈၅၊ စိုးရိမ်ရေမှတ် က ၅၄၅ ပါ" ဟု မိန့်ကြားသည်။

မူးခွတံတားနှင့် ကျွန်းလည်တံတားသည် ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန် ဒေသတည်ငြိမ်ရေးအတွက် ဆရာတော်ဦးဝါသဝနှင့် ဒေသခံပြည်သူများ က တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးမှုဖြင့် ပူးပေါင်း၍ တည်ဆောက်ခဲ့သော တံတားများဖြစ်ပြီး ယခုအခါ ရေနောက်မျောပါ ဆုံးရှုံးရခြင်းဖြစ်သည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)