ဂန့်ဂေါ၊ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ် ကလေးများအားလုံး အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်ကောင်းများ စွဲမြဲစွာ ကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် တတိယအကြိမ်မြောက် အာဟာရကျွေးမွေးရာ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ အာဟာရကျွေးမွေးခြင်းကို ဂန့်ဂေါမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၅)ကျောင်း ရှိ KG ကျောင်းသား၊ ကျောင်းသူ (၄၇၅)ဦးအား ကျောင်းအုပ်ကြီးများဦးဆောင်၍ အတန်းမှူးများ၊ ဆရာ/ ဆရာမများ စုပေါင်းကာ နေ့လယ်စာအာဟာရ အစားအစာများ ကျွေးမွေးကြသည်။
အဆိုပါ KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့်ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#သတင်းလွှာ





No comments:
Post a Comment