ရန်ကုန်၊ ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၌ မြေ၊ အဆောက်အအုံ ရောင်းဝယ်၊ တည်ဆောက်ခြင်းအတွက် အခွန်စည်းကြပ်မည့် သတ်မှတ်စံနှုန်းပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) တွင် ကျင်းပသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ် က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ဦးမောင်မျိုး က စက်မှုဇုန်များအတွင်း အခွန်စည်းကြပ်မှု သတ်မှတ်စံနှုန်းများ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများမှ စက်မှုဇုန်များတွင် အခွန်စည်းကြပ်မှု သတ်မှတ်စံနှုန်းများ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကြပြီး စက်မှုဇုန် ကြီးကြပ်ရေးကော်မတီများက စက်မှုဇုန်တစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဆွေးနွေးတင်ပြချက်များအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
#News #Myanmar



No comments:
Post a Comment