ထရမ့်က သူ့သတင်းတွေကို ရောင်းစားနေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်က သူ့သတင်းတွေကို ရောင်းစားနေပြီ


ဩဂုတ် - ၃ ( တနင်္လာနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်ကို အကြီးအကျယ် တိုက်ခိုက်မယ့် အစီအစဉ်ကို သူ့ရဲ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာဖြစ်တဲ့ ထရုသ်ဆိုရှယ်မှာ တင်ထားတဲ့ပို့စ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်ပြီးတဲ့နောက် အီရန်နဲ့ ဆွေးနွေးပွဲအသစ်တွေ စတော့မယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှု ဖျက်သိမ်းကြောင်း ပို့စ်တင်ခဲ့တဲ့နေ့မှာပဲ သူ့ရဲ့ မီဒီယာကုမ္ပဏီဟာ စျေးကွက်ကို လှုပ်ခတ်စေနိုင်တဲ့ ပို့စ်တွေနဲ့ပတ်သက်လာရင် စက္ကန့်ရဲ့ တစ်ထောင်ပုံ တစ်ပုံအထိ လျင်မြန်တဲ့ အရှိန်နဲ့ ကြည့်ရှုနိုင်ခွင့်ကို ဝေါစထရိ ဘဏ္ဍာရေး ကုမ္ပဏီတွေကို စတင်ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က အဲဖို့စ်စ် ဝမ်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောကြားရာမှာတော့ ထရမ့်က တနင်္လာနေ့မှာ ဆွေးနွေးပွဲတွေ စတော့မယ်လို့ အခိုင်အမာ ပြောခဲ့ပြီး အရှေ့အလယ်ပိုင်း အစိုးရအများအပြားက သံတမန်ရေးရာ နည်းလမ်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးဖို့ သူ့ကို တိုက်တွန်းခဲ့ကြတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ သဘောတူညီချက် ရမရ ဆိုတာကို စောင့်ကြည့်သွားမှာပါ" လို့ ထရမ့်က ပြောခဲ့သလို၊ အခု ဖျက်သိမ်းလိုက်တဲ့ စစ်ဆင်ရေးဟာ "ဒုတိယကမ္ဘာစစ် နောက်ပိုင်း အကြီးမားဆုံး တိုက်ခိုက်မှု" ဖြစ်လာမှာပါလို့လည်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကတော့ တီဟီရန် (အီရန်) နဲ့ "ချစ်ကြည်ရေး ဆွေးနွေးမှုတွေ" လုပ်နေပြီလို့ ထရမ့်က ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်က အီရန်ကို ဗုံးပြန်ကြဲခဲ့ပြီး ထရမ့်ကလည်း အီရန်ကို "အရမ်းပြင်းပြင်းထန်ထန်" ထိုးနှက်တိုက်ခိုက်သွားမယ်လို့ ကတိပေးရင်း ပိုပြီး ရန်လိုတဲ့ လေသံမျိုး ပြောဆိုလာခဲ့ပါတယ်။

သူ့ရဲ့ အစိုးရအဖွဲ့က အမေရိကန်တပ်ဖွဲ့တွေဟာ "အသင့်ပြင်ထားပြီးပြီ" လို့ ကြေညာခဲ့သလို၊ ဒုတိယကမ္ဘာစစ် နောက်ပိုင်း မမြင်ဖူးခဲ့တဲ့ စစ်ရေးစွမ်းအားအထိ ထုတ်သုံးဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဝါရှင်တန်နဲ့ အစ္စရေးတို့ဟာ အီရန်ရဲ့ ဓာတ်အားပေးစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေနဲ့ အခြား စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်လို့ အမေရိကန် မီဒီယာတွေက သောကြာနေ့မှာ ဖော်ပြခဲ့ကြပါတယ်။

ဒီလို ခြိမ်းခြောက်မှုတွေနဲ့အတူ ဟောမုဇ်ရေလက်ကြား ကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောလိုင်းတွေ ဆက်တိုက် အနှောင့်အယှက်ဖြစ်နေတာတွေ ပေါင်းစပ်သွားတာကြောင့် ပိုမိုကျယ်ပြန့်တဲ့ စွမ်းအင်ရိုက်ခတ်မှု ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်စေခဲ့ပြီး၊ ရေနံစိမ်းစျေးနှုန်းကိုလည်း တစ်ပါပီကို ဒေါ်လာ ၉၀ အထိ ရောက်ရှိသွားစေခဲ့ပါတယ်။

စနေနေ့တုန်းက ထရန့်ဟာ အီရန်နဲ့ ဒေသတွင်း အစိုးရအများအပြားဟာ ဟိုမုဇ် ရေလက်ကြား ပြန်ဖွင့်ဖို့နဲ့ တီဟီရန်ရဲ့ နျူကလီးယား အစီအစဉ်ကိစ္စတွေကို ဖြေရှင်းဆောင်ရွက်သွားမယ့် သဘောတူညီချက် မူဘောင်ကို သဘောတူလိုက်ကြပြီလို့ ရေးသားရင်း၊ တိုက်ခိုက်မှုတွေကို ဖျက်သိမ်းကြောင်း ထရုသ်ဆိုရှယ် ပို့စ်တစ်ခုနဲ့ ရုတ်တရက် ကြေညာခဲ့ပါတယ်။

ဒီလို ရုတ်တရက် ကြေညာလိုက်တာကြောင့် တနင်္လာနေ့ မနက်ပိုင်း အာရှစျေးကွက် ပြန်ဖွင့်ချိန်မှာ စျေးကွက်လှုပ်ခတ်မှု အကြီးအကျယ် နောက်တစ်ကြိမ် ဖြစ်ပေါ်ခဲ့ပါတယ်။ စျေးကွက်စဖွင့်ချိန်မှာပဲ ဘရန့်  ရေနံစိမ်းစျေးဟာ ၇ ရာခိုင်နှုန်းထက်မက ထိုးကျသွားခဲ့ပြီး ဝက်စ်တက်ဆပ်စ် ရေနံစိမ်းစျေးကတော့ ၆.၇ ရာခိုင်နှုန်း ကျဆင်းသွားကာ တစ်ပီပါကို ၇၈.၉၈ ဒေါ်လာအထိ ဖြစ်သွားခဲ့ပါတယ်။ ကုန်သွယ်သူတွေက ပဋိပက္ခ ပိုမိုကြီးထွားလာမယ့် ဘေးအန္တရာယ်နဲ့ ပင်လယ်ကွေ့ဒေသ စွမ်းအင်ထောက်ပံ့မှု အနှောင့်အယှက်ဖြစ်မယ့် စိုးရိမ်မှုတွေ လျော့ကျသွားပြီလို့ တွက်ဆလိုက်ကြတာကြောင့် အမေရိကန် စတော့အညွှန်းကိန်း အနာဂတ်စျေးတွေ ပြန်တက်လာခဲ့ပါတယ်။

ဩဂုတ်လ ၁ ရက်နေ့မှာ ထရမ့်မီဒီယာနဲ့နည်းပညာအဖွဲ့ က ဆောင်ရွက်တဲ့ ထရုသ်အေပီအိုင် ဆိုတဲ့ အခပေး ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ပါတယ်။  အဲဒီဝန်ဆောင်မှုဟာ ထရုသ်ဆိုရှယ်ပေါ်က လွှမ်းမိုးမှုရှိတဲ့ အကောင့်တွေရဲ့ ပို့စ်တွေကို အဖွဲ့အစည်းဆိုင်ရာ ဝယ်ယူသူတွေ ဖတ်ရှုနိုင်တဲ့ မူပိုင်ခွင့်ရ ဒေတာစီးကြောင်းအနေနဲ့ ပံ့ပိုးပေးတာပါ။ ဒီဝန်ဆောင်မှုကို အကြိမ်ရေများများနဲ့ အလိုအလျောက် စနစ်သုံး ကုန်သွယ်တဲ့ ကုမ္ပဏီတွေကို သီးသန့် ရည်ရွယ်ထားတာဖြစ်ပြီး တစ်လကို ဒေါ်လာ ၁၀၀,၀၀၀ အထိ ကျသင့်တယ်လို့ သိရပါတယ်။

ကြေးပေးဝယ်ယူထားတဲ့ အသုံးပြသူတွေဟာ ပို့စ်တွေကို တင်လိုက်တာနဲ့ မီလီစက္ကန့်ပိုင်းအတွင်း ရရှိမှာဖြစ်တယ်လို့ ထရမ့်မီဒီယာက ပြောပါတယ်။ ဒါပေမဲ့ အဆင့်မြင့် စက်ပစ္စည်းစနစ်တွေ တပ်ဆင်ထားတဲ့ ကုမ္ပဏီတွေဟာ ဒီလို တိုက်ရိုက် ရယူနိုင်ခွင့်ကြောင့် သာမန် ရင်းနှီးမြှုပ်နှံသူတွေလို အများသုံး ဝဘ်ဆိုက် ဒါမှမဟုတ် အက်ပ်ကို အားကိုးစရာမလိုဘဲ ကြေညာချက်တွေကို စိစစ်ပြီး အရောင်းအဝယ်တွေကို အများကြီး ပိုမြန်မြန် ဆောင်ရွက်နိုင်သွားစေတယ်လို့ စျေးကွက် ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

ထရန့်ရဲ့ ပို့စ်တွေဟာ အထူးပဲ တန်ဖိုးရှိနေတာ ဘာကြောင့်လဲဆိုတော့ သူဟာ စစ်ပွဲတွေ၊ အခွန်တိုးမြှင့်တာတွေ၊ သီးခြား ကုမ္ပဏီတွေနဲ့ ပတ်သက်တာတွေအပြင် စတော့အရှယ်ယာတွေ၊ ငွေကြေးနဲ့ ကုန်ပစ္စည်း စျေးနှုန်းတွေကို လှုပ်ခတ်စေနိုင်တဲ့ အခြား မူဝါဒဆိုင်ရာ ရုတ်တရက် အပြောင်းအလဲတွေကို ကြေညာဖို့ ထရုသ်ဆိုရှယ် ကို ပုံမှန် သုံးလေ့ရှိလို့ ဖြစ်ပါတယ်။

ဒီလို မူဝါဒ ရုတ်တရက် ပြောင်းလဲလိုက်တာတွေဟာ မြန်နှုန်းမြင့် ကုန်သွယ်သူတွေ အတွက် အရမ်းကို အမြတ်အစွန်း ထွက်နိုင်တယ်လို့ အေပီ သတင်းက ထောက်ပြထားပါတယ်။ အကြောင်းကတော့ စျေးနှုန်းတွေကို ဘက်တစ်ခုဆီ ဦးတည်သွားစေတဲ့ စတင် ခြိမ်းခြောက်မှုကနေ သူတို့ မြတ်စွန်းမှု ရယူနိုင်သလို၊ ထရမ့်က အဲဒီနဲ့ ဆန့်ကျင်ဘက်ကို ပြန်ကြေညာလိုက်တဲ့အခါမှာလည်း သူတို့ရဲ့ အရောင်းအဝယ် အနေအထားတွေကို ချက်ချင်း မြန်မြန်ဆန်ဆန် ပြောင်းလဲလိုက်နိုင်ကြလို့ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)