ဒန်နျူ့မြစ်ရေခမ်းလာလို့ စစ်အတွင်းက သင်္ဘောပျက်တွေပေါ်လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒန်နျူ့မြစ်ရေခမ်းလာလို့ စစ်အတွင်းက သင်္ဘောပျက်တွေပေါ်လာ

 


ဩဂုတ် - ၃ ( တနင်္လာနေ့ ) 

ဥရောပမှာ အပူလှိုင်း ရိုက်ခတ်ပြီး မိုးခေါင်ရေရှားမှု လအတော်ကြာ ဆက်တိုက်ဖြစ်နေလို့ ဒန်နျူ့  မြစ်ရေဟာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးစံချိန်ထိ ထိုးကျသွားခဲ့ပါတယ်။ အဲဒီလို ရေကျသွားတဲ့အတွက် မြစ်ထဲမှာ မြုပ်နေခဲ့တဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် နာဇီစစ်သင်္ဘော အဟောင်းကြီးတွေ ပြန်ပေါ်လာခဲ့ပါတယ်။

ဆာဘီးယားနိုင်ငံ၊ ပရာဟိုဗို  ကျေးရွာအနီးက မြစ်လယ်သဲသောင်ခုံပေါ်နဲ့ ရေထဲမှာ တက်ကျန်ခဲ့တဲ့ သင်္ဘောပျက် အကြီးကြီးတွေရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ တင်ထားကြတာ တွေ့ရပါတယ်။

ဒါ့အပြင် ခရိုအေးရှားနိုင်ငံ၊ အိုပါတိုဗက်စ်ကျေးရွာအနီးမှာလည်း ၁၉၃၇ ခုနှစ်က မြုပ်သွားခဲ့တဲ့ ဟန်ဂေရီ ကုန်တင်သင်္ဘောပျက်တစ်စင်း ပြန်ပေါ်လာခဲ့ပါသေးတယ်။

ဥရောပ ရင်းနှီးမြှုပ်နှံမှုဘဏ်ရဲ့ အဆိုအရ ဒန်နျူ့မြစ်ရဲ့ ရေအောက်ခြေမှာ သင်္ဘောအစင်း ၂၀၀ နီးပါးလောက် မြုပ်နေနိုင်တယ်လို့ သိရပါတယ်။ ဟန်ဂေရီ ပို့ဆောင်ရေးဝန်ကြီးဌာနကတော့ မြစ်ရေ အရမ်းကျသွားတာကြောင့် မြစ်ကြောင်းရေကြောင်း သွားလာရေးတွေဟာ အားလုံးနီးပါးမျှ ရပ်ဆိုင်းသွားခဲ့ရတယ်လို့ ပြောထားပါတယ်။

ဟန်ဂေရီနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက် နီးပါးတစ်ဝက်လောက်ကို ပံ့ပိုးပေးနေတဲ့ ပါ့က်စ်  နျူကလီးယား ဓာတ်အားပေးစက်ရုံဟာလည်း မြစ်ရေမလုံလောက်မှုကြောင့် ရသတ္တပတ်ပေါင်းများစွာ ပိတ်ထားရနိုင်တယ်လို့ ဟန်ဂေရီ ဝန်ကြီးချုပ် ပီတာ မဂ်ယာ  က ပြောသွားပါတယ်။

ဟန်ဂေရီ အမျိုးသား မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ မြို့ထဲကဖြတ်စီးတဲ့ ဒန်နျူ့  မြစ်ရေဟာ ၂၃ စင်တီမီတာ အထိ စံချိန်တင် ကျဆင်းသွားတယ်လို့ သိရပါတယ်။ အရင်က အနိမ့်ဆုံးစံချိန်ကတော့ ၂၀၁၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ၃၃ စင်တီမီတာဖြစ်ပါတယ်။ 

ဘူဂေးရီးယားမြောက်ပိုင်းမှာလည်း မြစ်ရေ ခမ်းခြောက်သွားတာကြောင့် မက်မော့သ် ဆင်ကြီးရဲ့ ရုပ်ကြွင်းလို့ ယူဆရတဲ့ အရိုးတွေကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီအရိုးတွေကို ရာဟိုဗို  ကျေးရွာက ဒေသခံတစ်ဦးက တွေ့ခဲ့တာပါ။ 

အေပီ (AP) သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီဒေသမှာ မိုးသိသိသာသာ ရွာသွန်းမယ့် ခန့်မှန်းချက်မရှိဘဲ အပူချိန်ဟာလည်း ၃၈ ဒီဂရီ စင်တီဂရိတ် (ဖာရင်ဟိုက် ၁၀၀) ထက် ကျော်လွန်နိုင်တာကြောင့် ရှေ့လာမယ့် ရက်တွေမှာ ဒန်နျူ့ မြစ်ရေဟာ ဒီထက်မက ပိုပြီး ကျဆင်းသွားနိုင်ခြေ ရှိပါတယ်လို့ သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)