ဩဂုတ် - ၂၀ ( ကြာသပတေးနေ့ )
ဆီးရီးယားအနောက်မြောက်ပိုင်းရှိ လေတပ်စခန်းတစ်ခုကို အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်လိုက်တာက အန္တရာယ်ရှိတဲ့ ပဋိပက္ခမြင့်တက်လာမှုတစ်ခုကို ဖန်တီးလိုက်တာပဲလို့ တူရကီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တွမ်ဘာရက် က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
အင်္ဂါနေ့က အစ္စရေးတပ်ဖွဲ့တွေက တူရကီနယ်စပ်အနီး အစ်ဒလစ်ဘ်ပြည်နယ်ရှိ အဘူအယ်လ်ဒူဟူး လေတပ် စခန်းကို တိုက်ခိုက်လိုက်တာပဲ ဖြစ်ပါတယ်။ လူထိခိုက်ဒဏ်ရာရရှိမှု မရှိပေမဲ့ ထိုတိုက်ခိုက်မှုကြောင့် မကြာသေးမီက တည်ဆောက်ထားသော လေယာဉ်ပြေးလမ်းများ ပျက်စီးသွားခဲ့ပါတယ်။
အစ္စရေးနှင့် ဆီးရီးယားတို့အကြား "လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် မူလအခြေအနေအတိုင်း ထိန်းသိမ်းထားရန်" သဘောတူညီခဲ့ကြပေမဲ့ ဒမတ်စကက်စ် (ဆီးရီးယားအစိုးရ) က "အလက်ပိုမြို့အနီးရှိ လေတပ်စခန်းတစ်ခု၌ တူရကီတပ်ဖွဲ့များကို တပ်စွဲခွင့်ပြုခြင်း" အားဖြင့် ထိုသဘောတူညီချက်ကို ချိုးဖောက်ရန် "လက်တစ်လုံးအလို" ရောက်ရှိနေသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ရဲ့ ရုံးက ပြောကြားခဲ့ပါတယ်။ အဲ့ဒိလို တပ်စွဲခြင်းသည် အစ္စရေး၏ လုံခြုံရေးကို ခြိမ်းခြောက်ရာရောက်မယ်လို့ အစ္စရေးဘက်က ဆီးရီးယားကို အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ ဆီးရီးယားဘက်က ထိုသတိပေးချက်များကို လျစ်လျူရှုခဲ့ပါတယ်”လို့လည်း ဆက်လက်ဖော်ပြထားပါတယ်။
ဆီးရီးယားရော တူရကီပါ အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆီးရီးယားနဲ့ အီရတ်ဆိုင်ရာ အထူးသံတမန်အဖြစ်ပါ တာဝန်ယူထားသူ ဘာရက် က အဆိုပါ တိုက်ခိုက်မှုများသည် "ဒေသတွင်း တည်ငြိမ်မှုကို မဖြစ်ထွန်းစေဘဲ မလိုအပ်ဘဲ ပဋိပက္ခကို မြှင့်တင်ရာ ရောက်နေတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆီးရီးယားသမ္မတ အာမက်အယ်လ်ရှာရာ ရဲ့ အစိုးရဟာ "ကျူးကျော်လိုတဲ့ သဘောထားမျိုး မရှိသလို လက်ဝေခံ တပ်ဖွဲ့တွေကိုလည်း ထိန်းသိမ်းထားခြင်းမရှိဘဲ" "အစ္စရေးနဲ့ ပဋိပက္ခ လျှော့ချရေး" ကိုပဲ ဦးတည် ဆောင်ရွက်နေတာဖြစ်တယ်လို့ ဘာရက်ဘက်က ဆက်လက် ပြောဆိုခဲ့ပါတယ်။ “အဖွဲ့အစည်း အားလုံးအနေနဲ့ နောက်ထပ် စစ်ရေးအရ ထိတွေ့မှုတွေထက် ယုတ္တိရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို ပထမဦးစားပေး ဆောင်ရွက်ကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်" လို့ ဘာရက် က အင်္ဂါနေ့တွင် အိတ်စ် လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment