စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ကိုးခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂ စု၊ လူဦးရေ ၁၅၆၉ ဦးအတွက် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် ‌ထောက်ပံ့ငွေကျပ် ၁၁၄ သိန်းကျော် ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ကိုးခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂ စု၊ လူဦးရေ ၁၅၆၉ ဦးအတွက် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် ‌ထောက်ပံ့ငွေကျပ် ၁၁၄ သိန်းကျော် ထောက်ပံ့ပေးအပ်


စစ်ကိုင်း၊ ဩဂုတ် ၁၅

စစ်ကိုင်းမြို့ပေါ်ရပ်ကွက် ကိုးခုရှိ ရေဘေးသင့်အိမ်ထောင်စု ၄၁၂စု၊ လူဦးရေ ၁၅၆၉ ဦးအတွက် ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူးများနှင့် ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ငွေကျပ် ၁၁၄ သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ယမန်န့က စစ်ကိုင်းမြို့နယ် ထုံးဘိုရပ်ကွက်ရေဘေးရှောင်စခန်းရှိ ထုံးဘိုရပ်ကွက်နှင့် တကောင်းရပ်ကွက်တို့မှ ရေဘေးသင့် အိမ်ထောင်စု ၅၀ မှ လူဦးရေ ၂၀၄ ဦး၊ သောတာပန်ရပ်ကွက် လေးကျွန်းမာရ်အောင်ဘုရားဝင်းအတွင်းရှိသော တာပန်ရပ်ကွက်နှင့် စိန်ကုန်းရပ်ကွက်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၅၀၊ ဧမြဝတီရပ်ကွက် ရှစ်မျက်နှာဘုရားဝင်းအတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု ၁၇၅ စု၊ လူဦးရေ ၆၅၀ တို့အတွက် ဆန်ရိက္ခာဖိုး၊ ကြက်ဥ၊ ငါးသေတ္တာဘူးများ၊ ရေဘေးသင့်ပြည်သူများအနက်မှ ကိုယ်ဝန်ဆောင် မိခင်များ၊ ငါးနှစ်အောက်ကလေးများ၊ အသက် ၇၀ နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများအတွက် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းစီ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းရှိ အမြင်အာရုံချို့တဲ့သူများနှင့်ကလေးငယ်များ အတန်း ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးနေမှု၊ သင်တန်းသားအိပ်ဆောင်၊ စာသင်ဆောင်၊ အသက်မွေးဝမ်းကျောင်း သင်တန်းဆောင်များကို လှည့်လည်ကြည့်ရှုပြီး စစ်ကိုင်းမြို့ အသင်္ခရာရိပ်သာ၌ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များမှာကြား၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)