လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုတ်များကို ကွပ်ကွဲရေးရုံးများမှ ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် ထမင်းထုတ်များကို ကွပ်ကွဲရေးရုံးများမှ ဖြန့်ဝေ




လေးမျက်နှာ၊ ဩဂုတ် ၂၃ 

လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် စားရေရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများကို နေ့စဥ်ကွပ်ကွဲရေးရုံးများမှ ဖြန့်ဝေပေးပို့လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စာရေးကွင်းကျေးရွာ ကွပ်ကဲရေးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များမှ လာရောက်ပို့ဆောင်သော ထမင်းထုတ်များအပြင်၊ ကွပ်ကဲရေးရုံးမှ စီမံချက်ပြုတ်ပေးသော ထမင်းထုတ်များအား လေးမျက်နှာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမောင်မောင်နှင့်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များက ရေဘေးရှောင်စခန်းများသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိ‌ကြောင်း သိရသည်။

ထို့အပြင် အလှူရှင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအား ကုန်းလမ်း၊ ရေလမ်းခရီးစဉ်များတွင် အခက်အခဲမရှိစေရန် Information Centre များမှ လမ်းညွှန်မြေပုံများ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပါဝင်သည့် လမ်းညွှန်လက်ကမ်းများဖြန့်ဝေ၍ ကူညီဆောင်ရွက်ပေးလျက်ရှိရာ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကူညီရေးအတွက် အနယ်နယ်အရပ်ရပ်မှ လာရောက်သည့် စေတနာရှင်အလှူရှင်များအား ယနေ့နံနက်ပိုင်းတွင် ခမောက်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး Information Centre မှ အလှူရှင်များ သွားလာရေးအခက်အခဲမရှိစေရေးနှင့် လုံခြုံချောမွေ့စွာ ရောက်ရှိစေရန် နယ်မြေကွပ်ကဲရေးအဖွဲ့များက စက်လှေများ၊ ပရဟိတအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)