ကယားပြည်နယ်ဝန်ကြီးချုပ် မထောခူကျေးရွာအုပ်စုရှိ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် မထောခူကျေးရွာအုပ်စုရှိ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ


လွိုင်ကော်၊ ဩဂုတ် ၂၃

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်းက လောပိတစံပြကျေးရွာခန်းမ၌ မထောခူကျေးရွာအုပ်စု၊ ဇရပ်ဖြူ၊ ဝမ်ကွန်၊ မထောခူ အပေါ်၊ မထောခူအောက်၊ ရေနီကန်၊ လောလာလိ၊ ပိုးစာခြံနှင့်လောပိတကျေးရွာနေပြည်သူများနှင့် တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများအားလုံး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုသည် တည်ငြိမ်အေးချမ်းမှုနှင့် တိုက်ရိုက်အချိုးကျသည့်အတွက် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်ကဏ္ဍများတွင် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူငယ်ရေးရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများက မိမိတို့ကျေးရွာအလိုက် လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန်များကို တင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လက်ရှိဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ကွင်းဆင်းဆောင်ရွက်မည့်အခြေအနေများကို အသီးသီးရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြမှုများအပေါ် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)