ဂန့်ဂေါ၊ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ခင်စန္ဒာစိုး က အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပရခြင်း၏ရည်ရွယ်ချက်များ ကိုလည်းကောင်း၊ မြိုနယ် ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်အေးအေးပြုံးက ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား သန့်ရှင်းလတ်ဆတ်သောအစားအစာများ အာဟာရမျှတစွာ စားတတ်စေရေးနှင့် အာဟာရအုပ်စုကြီး(၃)စုအကြောင်းတို့ကို ရှင်းလင်းပြသကာ အသိပညာပေးဟောပြော ကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဓာတ်များပါဝင်သည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်၍ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ငါးနှစ်အောက်ကလေးများ အား အရပ်တိုင်းခြင်းနှင့် ကိုယ်အလေးချိန်များချိန်ပေးပြီး အာဟာရပြည့်ဝသည့်အစားအစာချက်ပြုတ်နည်း ကို လက်တွေ့ပြသကာ တက်ရောက်လာသူများအား နို့ဆန်ပြုတ်နှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် မြန်မာမုန့်များကို ကျွေးမွေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#News #Myanmar





No comments:
Post a Comment