ကျိုက်ထို၊ ဩဂုတ် ၉
မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးနှင့်တာဝန်ရှိသူများသည် ယနေ့ မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ပြည်နယ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ ယုဇနလမ်း၊ စည်ပင်ရေကန်နားတွင် ဆောင်ရွက်လျက်ရှိသော ၁၁ ကေဗွီလိုင်း (၉၀၀) ပေအား ၁၀ မီတာ ကွန်ကရစ်တိုင် SAC 120mm² ဖြင့် အသစ်တည်ဆောက်ခြင်း၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁) လုံး အသစ်တည်ဆောက်ခြင်းနှင့် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၅၀၀ ပေအား ၉ မီတာ ကွန်ကရစ်တိုင် Insulated Cable၊ ၄၀၀ ဗို့ လိုင်း ၆၀၀ ပေအား ၁၁ ကေဗွီ လိုင်းသစ်အောက်သို့ ပြောင်းရွှေ့ခြင်း လုပ်ငန်းများနှင့် ကော့စံနိုင်ရပ်ကွက်၊ ဘောဂနာအပိုင်းတွင် ၁၁ ကေဗွီလိုင်း (၁၇၀၀) ပေအား ၁၀ မီတာ ကွန်ကရစ်တိုင် SAC 120mm² ဖြင့် အသစ်တည်ဆောက်ခြင်း၊ ၄၀၀ ဗို့လိုင်း (၁၇၀၀) ပေအား ၁၁ ကေဗွီ လိုင်းသစ်အောက်သို့ ပြောင်းရွှေ့ခြင်း၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁) လုံး တည်ဆောက်ခြင်းနှင့် Panel ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား မြို့နယ်လျှစ်စစ်အင်ဂျင်နီယာ ဦးနောင်နောင်က ရှင်းလင်းတင်ပြခဲ့ရာပြည်နယ်ဝန်ကြီး ဦးဇေယျာဦးက လိုအပ်သည်များကိုမှာကြားခဲ့သည်။
ဆက်လက်၍ ၁၁ကေဗွီမြို့တွင်းဖီဒါ လက်ပြကျေးရွာမှ စည်ပင်တိုးဂိတ်အနီးထိ ၁၁ ကေဗွီလိုင်း ၄၀၀ဗို့ (နှစ်ထပ်လိုင်း) အား ၉ မီတာ ကွန်ကရစ်တိုင်၊ ACSR 95mm² & H.D.B.C No. 10, 12 (၀.၅) မိုင်အား ၁၀ မီတာ ကွန်ကရစ်တိုင် SAC 120mm² နှင့် Insulated Cable တို့ဖြင့် အစားထိုးတည်ဆောက်ခြင်း နှင့် ကော့ထင်းကျေးရွာ မာဃလမ်းတွင် ၁၁ ကေဗွီလိုင်း (၅၀၀) ပေအား ၁၀ မီတာ ကွန်ကရစ်တိုင် SAC 120mm² ဖြင့် အသစ်တည်ဆောက်ခြင်း၊ ၁၁/၀.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာ (၁) လုံး တည်ဆောက်ခြင်းနှင့် ၄၀၀ ဗို့လိုင်း (၀.၅) မိုင်အား ၉ မီတာ ကွန်ကရစ်တိုင် Insulated Cable ဖြင့် တည်ဆောက်ခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီး ဦးဇေယျာဦးက လိုအပ်သည်များကိုမှာကြားခဲ့သည်။
ကျိုက်ထိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား စနစ်တကျနှင့် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် အထက်ပါ တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြည့်ဖြိုး
#News #Myanmar





No comments:
Post a Comment