ဂန့်ဂေါ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ အများပြည်သူများ ရေဘေး အန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈နာရီအချိန်က လူစည်ကားရာနေရာများဖြစ်သည့် ပြည်သူ့ဆေးရုံရှေ့ရှိ လမ်းဆုံနေရာ၊ မြို့မဈေးနှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းရှေ့ တို့တွင် ရေဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ရေဘေးအတွက်ကြိုတင် ပြင်ဆင်ရမည့် အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့် အချက် များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လျှင် ဆက်သွယ်ရမည့်တယ်လီဖုန်းနံပါတ်များပါဝင်သည့် လက်ကမ်း စာစောင်များကိုဖြန့်ဝေပေးကာ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူးဦးညီညီဇော်နှင့်ဝန်ထမ်းများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်နှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လူစည်ကားရာနေရာ များဖြစ်သည့် ပြည်သူ့ဆေးရုံရှေ့ရှိလမ်းဆုံနေရာ၊ မြို့မဈေးရှိ ဈေးရောင်း၊ ဈေးဝယ်သူများနှင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းရှေ့တို့တွင် ရေဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးခြင်းနှင့်ရေဘေးအန္တရာယ်ပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင်ကို အခမဲ့ဖြန့်ဝေ ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#သတင်းလွှာ




No comments:
Post a Comment