ကျိုက်ထို၊ ဩဂုတ် ၇
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် စပါးထုတ်ကုန်များကို အရည်အသွေးမြင့်ဆန်ထုတ် လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ သီဝဆန်စက်၊ သက်ဝေလွင်ဆန်စက်၊ ကောင်းထက်စံဆန်စက်များတွင် ဆောင် ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင်ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က ကုန်ကြမ်းရရှိမှုအခြေအနေ၊ ကုန်ချော
ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေ၊ ရောင်းဝယ်ဖြန့်ဖြူးမှုအခြေအနေ၊ ဆန်ထုတ်လုပ်ရာတွင် သန့်ရှင်းမှု၊ကျန်းမာရေးနှင့်အညီထုတ်လုပ်နိုင်စေရန်၊ မီးဘေးလုံခြုံရေးအတွက်သတိပြုစေရန်၊ စက်သုံးဆီလိုအပ်မှုနှင့်လုပ်ငန်းရှင်လိုအပ်ချက်များကို မေးမြန်ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။
ပြည့်ဖြိုး
#သတင်းလွှာ


No comments:
Post a Comment