အမျိုးသားပြတိုက်နှင့် အာကာသပြတိုက်သို့ လှည်းကူးမြို့နယ်မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ ကြည့်ရှုလေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသားပြတိုက်နှင့် အာကာသပြတိုက်သို့ လှည်းကူးမြို့နယ်မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ ကြည့်ရှုလေ့လာ


ရန်ကုန်၊ ဩဂုတ် ၁၇

ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအနေဖြင့် နိုင်ငံ၏ ခိုင်မာသည့်သမိုင်းကြောင်းအစဉ်အလာနှင့် ယဉ်ကျေးမှုတန်ဖိုးများ သိရှိနားလည်လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားလာစေရန်၊ ဘိုးဘွားများ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်လိုစိတ်ရှိစေရန်နှင့် အာကာသဆိုင်ရာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အထက(လှည်းကူး)မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်နှင့် အာကာသပြတိုက်များသို့ ကြည့်ရှုလေ့လာကြသည်။

ဦးစွာ ပြည်လမ်းရှိ အမျိုးသားပြတိုက်၌ ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ဝင်စားစွာကြည့်ရှုလေ့လာကြပြီး အမျိုးသားပြတိုက်မှ တာဝန်ရှိသူက အမျိုးသားပြတိုက်၏သက်တမ်း၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အာကာသပြတိုက်ရှိ Deep Space Exploration ပြခန်း၊ Space Station ပြခန်း၊ အာကာသအတွင်း စေလွှတ်ခဲ့သည့် ဒုံးပျံများ၊ ဂြိုဟ်များ၊ နက္ခတ်တာရာများစသည့် အာကာသဆိုင်ရာ ဗဟုသုတများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)