ဟင်္သာတခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၃/၂၀၂၆)ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟင်္သာတခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၃/၂၀၂၆)ကျင်းပ


ဟင်္သာတ၊ ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများနှင့်ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၆) ကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမင်းသူမောင်နှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေ ထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ကယ်ဆယ်ရေးနှင့် အလှူငွေများ လက်ခံရှာဖွေရေးဆပ်ကော်မတီခွဲ၊ ထိန်းသိမ်းဖြန့်ဖြူးရေး ဆပ်ကော်မတီခွဲ ၊စာရင်းဇယားပြုစုရေး ဆပ်ကော်မတီခွဲတို့မှ ဥက္ကဋ္ဌများမှ လည်းကောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ခရိုင်မီးသတ်ဦးစီးမှူးတို့က လည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော လုပ်ငန်းကော်မတီဥက္ကဋ္ဌများနှင့် ဆပ်ကော်မတီများအလိုက် တာဝန်ရှိသူများကလည်းကောင်း၊ ပြန်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေတို့မှလည်းကောင်း မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ရာ ဟင်္သာတခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းကလိုအပ်သည်များကို ပေါင်းစပ်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)