ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ





ပခုက္ကူ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ဘောလုံးအဖွဲ့ချုပ်ဖလား မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ၃နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။ 

ပထမဦးစွာ  ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ဂုဏ်ပြုအမှာစကားပြောကြား ပြီး  မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်အေးက မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်းရည်ရွယ်ချက်များ အကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံပညာကျောင်းနှင့်ကိုယ်ပိုင်ကျောင်းများမှ ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့၊ ဝူးရှူးအားကစားအဖွဲ့များ က သရုပ်ပြဖျော်ဖြေခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့်တာဝန်ရှိသူများက  ပြိုင်ပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ပြီး အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခြင်းများဆောင်ရွက်ကြပြီး အဖွင့်ပွဲစဉ်အဖြစ် အမှတ်(၃)ရပ်ကွက် အသင်းနှင့် G.P FC အသင်းတို့ယှဉ်ပြိုင်ကစားကြရာ အမှတ်(၃)ရပ်ကွက်အသင်းက သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိသည်။ 

အဆိုပါပြိုင်ပွဲကို  ၂၀၂၆ခုနှစ်၊ ဩဂုတ်လ ၉ရက်မှ စက်တင်ဘာလ ၁၂ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဘောလုံး အားကစားပြိုင်ပွဲဝင်အသင်း(၁၆)သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲမှတစ်ဆင့် မြို့နယ်ကိုယ်စားပြုအားကစား ကောင်းများ ဆက်လက်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)