ပေါင်၊ ဩဂုတ် ၁၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀) နာရီက ပေါင်မြို့နယ် အထက(ဆင်ဖြူရပ်)ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ဝံသမောင်(မုတ္တမ)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီးအထက(ဆင်ဖြူရပ်)ကျောင်း မှ Grade -9 ကျောင်းသူ မသိမ့်သိမ့်ဝင်းက လူငယ်၊ဆိုရှယ်မီဒီယာနှင့်AI ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 ကျောင်းသူ မသက်မှူးအိမ်က လူငယ်နှင့်စိတ်ဓာတ်ခွန်အားခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade - 11 ကျောင်းသူ မအေးပြည့်စုံက လူငယ်နှင့်အလုပ်အကိုင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မမေမဒီအောင်ဆန်းက လူငယ်နှင့်ရှေ့ထွက်ဖို့မကြောက်ပါနဲ့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 ကျောင်းသူ မခရေဖူးက ရည်မှန်းချက်ရှိတဲ့လူငယ်နှင့်ရည်ရွယ်ချက်မရှိတဲ့လူများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသား မောင်အောင်ချမ်းမြေ့က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်း ကောင်းအသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က ပြန်လည်ဖြေကြားပေးခဲ့ပြီး အထက(ဆင်ဖြူရပ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းသီတာလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ အထက(ဆင်ဖြူရပ်)ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၂၁၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး
#News #Myanmar





No comments:
Post a Comment