မြောက်ဥက္ကလာပ၊ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်း နှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျန်းမာရေး အသိပညာလုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့် က ကွင်းဆင်း ဆောင်ရွက်ကြသည်။
ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ပေးရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက ဆေးလိပ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ၊ဆယ်ကျော်သက်ကျန်း မာရေး အကြောင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေး၀န်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သွားတစ်ချောင်း နှင့် သွားဖုံးသား ဖွဲ့စည်းတည်ဆောက်ထားပုံ ၊ သွားနှင့် ခံတွင်း ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ ၊ သွားပိုးစားရောဂါဖြစ်ပွားလာပုံနှင့် နောက် ဆက်တွဲဖြစ်စဥ်များ စစ်မှန်သော သွားတိုက်နည်း များ ၊ မျက်စိကျန်းမာရေး နှင့် ဆောင်ရန် ၊ ရှောင်ရန် အချက်များ၊ ဘုရားပန်းအိုး ၊ ရေတွင်း ရေကန်များ အားပိုးလောက်လန်း စစ်ဆေးပေးခြင်း၊ ကျောင်းအခြေပြု ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကလိုရင်းခပ်ခြင်း၊ ရေ့သန့်ဆေးပြားများထည့်ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်း၊ ဖုံးသွန်လဲစစ် ဆောင်ရွက်ကာ ဓာတ် ဆားထုပ်များအား ပေးအပ်ခဲ့ ကြောင်းသိရသည်။
သက်လွင်စိုး
#News #Myanmar




No comments:
Post a Comment