ဩဂုတ် - ၆ ( ကြာသပတေးနေ့ )
ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၅ ရက်) တုန်းက အမေရိကန်ဒေါ်လာ ဈေးကျတာနဲ့ ဘဏ္ဍာရေးစာချုပ် အထွက်နှုန်း နိမ့်ဆင်းသွားတာကြောင့် ရွှေဈေးက ၄% ကျော်အထိ ရုတ်တရက် ထိုးတက်သွားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း တစ်ရက်အတွင်း အများဆုံး တက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်ပရွှေဈေး (Spot gold) က ၄.၄% တက်သွားပြီး တစ်အောင်စကို ၄,၂၅၃.၃၆ ဒေါ်လာအထိ ရောက်ခဲ့တာမို့ ၇ ပတ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလ အနာဂတ် ရွှေဈေး ကတော့ ၃.၇% တက်ပြီး တစ်အောင်စကို ၄,၃၀၅.၂၀ ဒေါ်လာနဲ့ ဈေးပိတ်ခဲ့ပါတယ်။
ဒါ့အပြင် အီရန်နဲ့ သံတမန်ရေးအရ ညှိနှိုင်းမှုတွေ လုပ်နေတာရယ်၊ ဟော်မုဇ် ရေလက်ကြား ကနေ စွမ်းအင် သင်္ဘောတွေ ပြန်လည် ထွက်ခွာနိုင်ဖို့ ယာယီ ရေကြောင်းလမ်း အဆိုပြုထားတာရယ်ကြောင့် ပိုပြီး မျှော်လင့်ချက် ရှိလာတာကလည်း ရွှေဈေးတက်ဖို့ အထောက်အကူ ပြုခဲ့ပါတယ်။
လွတ်လပ်သော သတ္တုကုန်သည် တိုင်ဝန် ကတော့ ဘဏ္ဍာရေးစာချုပ် အထွက်နှုန်း နှစ်ရက်ဆက်တိုက် ကျဆင်းတာနဲ့ ဒီတစ်ပတ်အတွင်း ဒေါ်လာဈေး ကျခဲ့တာတွေက ရွှေနဲ့ ငွေ ဈေးနှုန်းတွေ ဆက်တက်ဖို့ လမ်းပွင့်သွားစေတယ်လို့ ပြောပါတယ်။
အမေရိကန်ဒေါ်လာဟာ ဂျပန်ယန်းငွေနဲ့ ယှဉ်ရင် ၃ လအတွင်း အနိမ့်ဆုံးနီးပါး ရောက်သွားခဲ့တာမို့ အခြားငွေကြေး သုံးစွဲသူတွေအတွက် ဒေါ်လာနဲ့ သတ်မှတ်ထားတဲ့ ရွှေကို ဝယ်ရတာ ပိုသက်သာသွားစေပါတယ်။ အမေရိကန် ၁၀ နှစ်သက်တမ်းရှိ စာချုပ် အထွက်နှုန်းကလည်း ၁ ပတ်အတွင်း အနိမ့်ဆုံးနီးပါးမှာ ရှိနေခဲ့ပါတယ်။
ဇူလိုင်လမှာ အမေရိကန် ပုဂ္ဂလိကကဏ္ဍက အလုပ်အကိုင် ၄၄,၀၀၀ ပဲ တိုးလာခဲ့လို့ စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားတဲ့ ၇၀,၀၀၀ အောက် နည်းနေခဲ့ပါတယ်။ ဒီလို အလုပ်အကိုင် ကိန်းဂဏန်း နိမ့်ကျမှုက ဘဏ္ဍာရေးစာချုပ် အထွက်နှုန်းအပေါ် ဖိအား ပိုများစေခဲ့ပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူတွေကတော့ ဖောင်းပွမှုဟာ ရည်မှန်းချက်ထားတဲ့ ၂% ထက် ပိုမြင့်နေဆဲပဲလို့ ဆက်လက် သတိပေးနေကြပါတယ်။
ပုံမှန်အားဖြင့်တော့ ဘဏ်တိုးနှုန်း မြင့်တက်တာဟာ ရွှေရဲ့ ဆွဲဆောင်မှုကို လျော့နည်းစေပါတယ်၊ ဘာလို့လဲဆိုတော့ ရွှေက အတိုးရတဲ့ အရာမဟုတ်လို့ပဲ ဖြစ်ပါတယ်။
REF: The Nation
#သတင်းလွှာ

No comments:
Post a Comment