အမေရိကန်သားတွေကို အလုပ်မပေးလို့ Open AIကို အစိုးရက လျော်ကြေးတောင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်သားတွေကို အလုပ်မပေးလို့ Open AIကို အစိုးရက လျော်ကြေးတောင်း


ဩဂုတ် - ၆ ( ကြသပတေးနေ့ ) 

အမေရိကန်သား အလုပ်လျှောက်သူတွေကို ခွဲခြားဆက်ဆံပြီး ယာယီဗီဇာနဲ့ လာတဲ့ နိုင်ငံခြားသား အလုပ်သမား တွေကို ပိုဦးစားပေးခဲ့တယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ စွပ်စွဲချက်ကို ဖြေရှင်းဖို့အတွက် OpenAI က ဒေါ်လာ ၃.၂ သန်း ပေးလျော်ဖို့ သဘောတူလိုက်ပါတယ်။

အမေရိကန် တရားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားချက်အရ နည်းပညာကုမ္ပဏီကြီး OpenAI နဲ့ သူတို့ရဲ့ လက်အောက်ခံ ဆော့ဖ်ဝဲလ်ကုမ္ပဏီ Statsig တို့ဟာ အမေရိကန် အလုပ်သမားတွေ အလုပ်လစ်လပ်နေရာတွေကို ရှာရခက်အောင်နဲ့ လျှောက်ရခက်အောင် တမင်တကာ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ 

OpenAI ဟာ အဲဒီအလုပ်နေရာတွေကို သူတို့ရဲ့ အများသုံး အလုပ်လျှောက်ဝက်ဘ်ဆိုက်မှာ တင်မပေးခဲ့ပါဘူး။ အွန်လိုင်းကနေ လျှောက်ခွင့်မပေးဘဲ စာရွက်လျှောက်လွှာတွေကို စာတိုက်ကနေ ပေးပို့ခိုင်းခဲ့သလို၊ အလုပ်ကြော်ငြာတွေကိုလည်း ညဉ့်နက်ပိုင်း ရေဒီယိုတွေမှာပဲ အစီအစဉ်တကျ ကြော်ငြာခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် အမေရိကန်နိုင်ငံသားတွေ အလုပ်မလျှောက်ချင်အောင် ဖြစ်သွားစေပြီး ကုမ္ပဏီတွေ ဘက်ကလည်း "ပြည်တွင်းမှာ သင့်တော်တဲ့ အလုပ်သမား ရှာမရလို့ပါ" ဆိုပြီး အကြောင်းပြကာ နိုင်ငံခြားသား ဗီဇာကိုင်ဆောင်သူတွေကို ခန့်အပ်ဖို့ ပိုလွယ်ကူသွားတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ထောက် ရှေ့နေချုပ် ဟာမိဒဟီလွန် က "ယာယီဗီဇာနဲ့ လာရောက်လုပ်ကိုင်သူတွေကို ဦးစားပေးပြီး အမေရိကန် အလုပ်သမားတွေအပေါ် ခွဲခြားဆက်ဆံတာဟာ ဥပဒေနဲ့ မကင်းပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။

ဒီသဘောတူညီချက်အရ OpenAI ဟာ ဒဏ်ကြေးအဖြစ် ဒေါ်လာ ၁.၂ သန်း ပေးဆောင်ရမှာဖြစ်ပြီး၊ ကုမ္ပဏီရဲ့ အလုပ်ခေါ်ယူမှု ပုံစံကြောင့် နစ်နာခဲ့ရသူတွေကို လျှော်ကြေးပေးဖို့ ဒေါ်လာ ၂ သန်း ရန်ပုံငွေ ထူထောင်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကုမ္ပဏီအနေနဲ့ အလုပ်ခန့်ထားရေး မူဝါဒတွေကို ပြန်လည်ပြင်ဆင်ရမှာဖြစ်ပြီး၊ လစ်လပ်နေရာတွေကို အများပြည်သူသိအောင် ကြော်ငြာပေးရပါမယ်။ အွန်လိုင်းကနေ လျှောက်လွှာတွေကို လက်ခံပေးရမယ့်အပြင်၊ အလုပ်ခေါ်ယူရေး ဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးရမှာဖြစ်သလို တရားရေးဝန်ကြီးဌာနရဲ့ စောင့်ကြည့်စစ်ဆေးမှုကိုလည်း ခံယူရမှာဖြစ်ပါတယ်။


REF: RT

#သတင်းလွှာ


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)