မောင်မောင်လွင်၊ မြတ်ကောင်းခန့်တို့ဟာ မြန်မာအသင်းရဲ့ ဖန်တီးရှင်တွေပါ။ ပွဲစဉ်တိုင်းမှာ သူတို့ရဲ့ ဖန်တီးပေးပို့မှုနဲ့ အနိုင်ဂိုးတွေ ရခဲ့တာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။
ဒီနှစ်ယောက်ထဲမှာ မြန်မာအသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်နဲ့ အသင်းကို ဦးဆောင်နိုင်တဲ့ မောင်မောင်လွင် က မမျှော်လင့်ဘဲ အနီကတ်ထိပြီး ထိုင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲကို လွဲချော်ခဲ့ရပါပြီ။
မောင်မောင်လွင် ဟာ ကစားကွက်ကို ပြောင်းလဲနိုင်တယ်။ ထင်မှတ်မထားတဲ့အချိန်မှာ အနိုင်ဂိုးရဖို့ ဖန်တီးပေးနိုင်တယ်။ လာအိုနဲ့ ပွဲစဉ်မှာဆိုရင် အနိုင်ဂိုးရရှိခဲ့တဲ့ဖြစ်စဉ်တွေမှာ မောင်မောင်လွင်ရဲ့ ပါဝင်ပတ်သက်မှုတွေများပါတယ်။ အားကိုးရတဲ့ အဓိက ကစားသမားပါ။
အခုတော့ မောင်မောင်လွင် ပါဝင်နိုင်ခြင်း မရှိတဲ့ ပွဲစဉ်မှာ မြတ်ကောင်းခန့် က အဓိက ဖန်တီးရှင်အဖြစ် တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။ မြတ်ကောင်းခန့်ရဲ့ ရုန်းအားနဲ့ ဖန်တီးပေးပို့မှုတွေဟာလည်း ရလဒ်ကို အပြောင်းအလဲ ဖြစ်စေနိုင်တဲ့ ဖန်တီးပေးပို့မှုတွေဖြစ်တာကို ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေက သက်သေခံနေပါတယ်။
နည်းပြကြီးအနေနဲ့တော့ မြန်မာအသင်းကို စတင်ကိုင်တွယ်ပြီး မလေးရှားကို ရှုံးခဲ့ရတယ်။ ဖိလစ်ပိုင်၊ လာအိုတို့ကို အနိုင်ကစားပြခဲ့တယ်။ ထိုင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်ဟာ သရေကစားမယ်ဆိုရင်ပဲ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရမယ့် အခွင့်အရေးရှိနေပါတယ်။
ဒီပွဲမှာတော့ မြတ်ကောင်းခန့်ကို အဓိကအားကိုးရမှာပဲ ဖြစ်ပါတယ်။ ဖန်တီးပေးပို့မှုတွေကို အဆုံးသတ်တဲ့နေရာမှာ သန်းပိုင်၊ ဝင်းနိုင်ထွန်း တို့ကလည်း ဂိုးမြူးနေတာဖြစ်လို့ မောင်မောင်လွင် ပါဝင်ခြင်း မရှိသည့်တိုင်အောင် လက်ရှိအနေအထားအရ အဓိကပြိုင်ဘက် ထိုင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်သည့်တိုင်အောင် စိုးရိမ်လွန်းခြင်းတော့ မရှိပါဘူး။ အကောင်းဆုံး တုန့်ပြန်ပြီး အနိုင်များရလေမလားလို့ မျှော်လင့်နေမိတယ်။
မြတ်ကောင်းခန့်ဟာ လစ်လပ်နေတဲ့ ကွက်လပ်ကို ဖြည့်ပေးမယ့် ကစားသမားပါ။ သူကတော့ တခြားကစားသမားတွေနဲ့ ယှဉ်ရင် ပုနေပေမယ့် ကိုယ်ပျောက် ဖန်တီးပေးပို့မှုတွေက မြန်မာအသင်းကို နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အပြောင်းအလဲတွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။ တိုက်စစ်မှူးများ ဂိုးသွင်းသေချာပါစေ။ နောက်တန်းကစားသမားများ ဂိုးမပေးရရေး လုံခြုံအောင် စနစ်တကျ ကာကွယ်ပေးနိုင်ပါစေ။
မြတ်ကောင်းခန့်နဲ့အတူ ဖန်တီးပေးပို့မှုကောင်းတဲ့ လွင်မိုးအောင်လည်း ရှိနေတာဖြစ်လို့ မောင်မောင်လွင် မပါဝင်နိုင်တဲ့ အလယ်တန်းကနေ တိုက်စစ်ကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။
နောင်
#MNP #News





No comments:
Post a Comment