မော်လမြိုင်၊ ဩဂုတ် ၁၀
တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထနေ့)ကို ယနေ့နံနက်(၁၀:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ အစီအစဉ် (၇) ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး(ပထမ)နေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးရေ (၃၁)ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ (၃၀) ဦး တက်ရောက် သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၆ ဒသမ ၇၇ ရာခိုင်နှုန်း ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူ၍ မှတ်တမ်းတင်ခဲ့သည်။
အဆိုပါ ပုံမှန်အစည်းအဝေးတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်(၈)ဦး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၈) ခုကို သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ်ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများ တင်သွင်းခြင်းနှင့် မွန်ပြည်နယ် စာရင်းစစ်ချုပ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမ)နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒုတိယနေ့ကို ဩဂုတ်လ (၁၁) ရက်နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ
#News #Myanmar



No comments:
Post a Comment