ပခုက္ကူမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်မှုအခြေအနေအား ကွင်းဆင်းကြည့်ရှု






ပခုက္ကူ၊ ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေမှု အား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ 

ထို့သို့ကွင်းဆင်းကြည့်ရှုရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပခုက္ကူမြို့၊မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှု များ၊ မြစ်ရေဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းပြီးနှင့်ရွှေ့ပြောင်းရန်လိုအပ်သည့် လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုကြပြီး ယာယီရေဘေးရှောင်စခန်းများသတ်မှတ်နေရာချထားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ကြသည်။

၂၀၂၆ခုနှစ်၊ ဩဂုတ်လ၁၀ရက်နေ့တွင် ပခုက္ကူမြို့၌ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ် ၂၁၅၀ စင်တီမီတာသို့ရောက်ရှိခဲ့ပြီး စိုးရိမ်ရေအမှတ်အထက် ကျော်လွန်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရပြီး မြစ်ရေဝင်ရောက်သည့်ရပ်ကွက်များရှိ လူနေအိမ်တစ်ချို့မှာ ယနေ့မနက်ပိုင်းကပင် စတင်ပြောင်းရွှေ့နေကြပြီဖြစ် ကြောင်း၊ ၂၀၂၄ခုနှစ် ဇူလိုင်လတွင် ပခုက္ကူမြို့၌ ဧရာဝတီမြစ်ရေစိုးရိမ်ရေအမှတ်အထက် ၄ပေခွဲအထိ ကျော်လွန်ရောက်ရှိခဲ့မှု ကြောင့် ဒေသခံပြည်သူအများအပြား ရေဘေးရှောင်ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။ 

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)