ကျိုက်ထို၊ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ဩဂုတ်(၂၁) နေ့မှစတင်ထုတ်ပေးခဲ့ရာ ယနေ့ တွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများထုတ်ပေးရာတွင် အငြိမ်းစားဝန်ထမ်းများအနေဖြင့်မိမိတို့အဆင်ပြေသည့်နေ့တွင်လာရောက်ထုတ်ယူနိုင်ကြောင်း၊ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက် အထားများဖြင့်လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာထုတ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက စာရင်းဖြည့်သွင်းခြင်းများဆောင်ရွက်ပေးပြီး ပင်စင်လစာငွေများအားအလှည့်ကျစနစ်ဖြင့်ထုတ်ယူခွင့်ပေးပြီးအသက်အရွယ်ကြီးရင့်သူများကိုလည်းအခက်အခဲမရှိစေရေး အတွက်စနစ်တကျဆောင်ရွက်ပေးထားကြောင်းနှင့် ဩဂုတ်(၂၁)ရက် နေ့တွင်အငြိမ်းစားဝန်ထမ်း(၄၀၄)ဦးအားငွေကျပ် (၇၇၄၀၉၃၉၂)ကျပ်(၁၁)ပြားကိုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ယခုအချိန်တွင်ကျိုက်ထိုမြို့နယ်မြန်မာ့စီးပွားရေးဘဏ်အား(Centralizede- Pension.)စနစ်ဖြင့်အဆင့်မြှင့်တင်ထားသည့်အတွက်မည်သည့်ဘဏ်မှမဆိုလာရောက်ထုတ်ယူနိုင်ကြောင်းမြန်မာ့စီးပွားရေးဘဏ်မှသိရသည်။
ပြည့်ဖြိုး
#News #Myanmar


No comments:
Post a Comment