ဂန့်ဂေါ၊ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာ ပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ဂန့်ဂေါခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ ခေတ္တဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်ကိုကိုက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်သန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်းနှင့် လူကုန်ကူးပါကချမှတ်နိုင်သည့် ထောင်ဒဏ်၊ ငွေဒဏ်နှင့်ပြစ်ဒဏ်များအကြောင်းတို့ကိုလည်းကောင်း၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ခင်စန္ဒာစိုးက လူကုန်ကူးမှုမှတားဆီးကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဖွန်ဇမ်းက လူကုန်ကူးမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။
ယင်းနောက် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က နိဂုံးချုပ်အမှာစကာပြေားကြားပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက အခမ်းအနားသို့တက်ရောက်လာကြသူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကာ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌ ဒေါ်ယဉ်နွဲ့ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့ပေါ် (၄)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ စုစုပေါင်း(၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#MNP #News





No comments:
Post a Comment