မန္တလေး၊ ဩဂုတ် ၁၄
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့) ကို ဩဂုတ်လ ၁၄ ရက် နံနက် ၁၀နာရီက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းအခု ၂၀ ကို သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က“မန္တလေးတိုင်းဒေသကြီး၏ ၂၀၂၆ -၂ဝ၂၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး လျာထားချက်”နှင့်ပတ်သက်၍ လွှတ်တော်သို့ တင်သွင်းခြင်း၊ အဆိုပါလျာထားချက်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စီးပွားရေးဆိုင်ရာကော်မတီ၏အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူးက ဖတ်ကြားတင်သွင်းသည်။ ၎င်းနောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ လျာထားချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆွေးနွေးမည့်နေ့ရက်ကို ကြေညာသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(နဝမနေ့)ကို မွန်းတည့် ၁၂နာရီတွင် ပြီးစီးခဲ့ပြီး အစည်းအဝေး(ဒသမနေ့)ကို ဩဂုတ် ၁၇ရက်နံနက် ၁၀နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
MMT
#Myanmar #News



No comments:
Post a Comment