ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ယာယီရေဘေးရှောင်စခန်းများရှိ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး






ဘားအံ၊ ဩဂုတ် ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်း မြစ်ရေများစီးဝင်ပြီး ၎င်းတို့နေအိမ်တွင် ဆက်လက်နေထိုင်ရန် မသင့်တော်တော့သည့်အတွက် ယာယီရေဘေးရှောင်စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးသည်။

ဦးစွာ ဘားအံမြို့ အမှတ်(၁)ရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြကြေးမုံဆောင် ယာယီရေဘေးရှောင်စခန်းရှိ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီနေထိုင်စဉ်ကာလအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထားနေထိုင်ကြစေလိုပြီး သန့်ရှင်းသော သောက်ရေသုံးရေများရရှိရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို မိမိတို့ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာများနှင့်စေတနာရှင်၊အလှူရှင်များက ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကာ တစ်ဦးနှင့်တစ်ဦးခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ချစ်ချစ်ခင်ခင်နေထိုင်သွားကြစေလိုကြောင်း အားပေးစကားများပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သောဆန်ရိက္ခာဖိုးငွေကျပ် ၆၄၀၀၀ဝ ၊ ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ယာယီရေဘေးရှောင်စခန်းနှင့်  အမှတ်(၅)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစား ခန်းမယာယီရေဘေးရှောင်စခန်းတို့ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေကျပ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ဆန်၊ ဆီ၊ ကြက်ဥအစရှိသော စားသောက်ကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်သည်။

အလားတူ ကရင်ပြည်နယ်အတွင်း ငါးသယံဇာတပေါများ၍ စားရေရိက္ခာဖူလုံပိုလျှံစေရေးအတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ဘားအံစက်မှုဇုန်အနောက်ဘက်ရှိ လျှိုပိတ်ဆည်အမှတ်(၁)၌ ငါးမျိုးများစိုက်ထည့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဌာနဆိုင်ရာများနှင့်ဒေသခံတိုင်းရင်းသားပြည်သူများက ငါးခုံးမကြီးကောင်ရေငါးသောင်းနှင့် ငါးမြစ်ချင်းကောင်ရေငါးသောင်း၊ စုစုပေါင်းငါးကောင်ရေတစ်သိန်းကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။ ယခုနှစ်တွင် ငါးမျိုးစိုက်ထည့်ပွဲ ခုနစ်ကြိမ်ဖြင့် ငါးကောင်ရေငါးသိန်းသုံးသောင်းကျော်ကို သဘာဝရေပြင်များအတွင်းငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်သည်။


စောမျိုးမင်းသိန်း

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)