ကမ္ဘာ့စိန်ဈေးကွက် ပျက်သွားပြီးလား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကမ္ဘာ့စိန်ဈေးကွက် ပျက်သွားပြီးလား


ဩဂုတ် - ၁၄ ( သောကြာနေ့ ) 

ကမ္ဘာ့စိန်ဈေးကွက်က ပျက်သွားပြီလားလို့ မေးလာရင် တစ်ခွန်းတည်းပြောရင် မေးခွန်းက နည်းနည်းပြင်းပေမယ့်၊ လက်ရှိအခြေအနေက တကယ်ကို အကြီးအကျယ် အကျပ်အတည်းဖြစ်နေပါတယ်။ အထူးသဖြင့် သဘာဝစိန် ဈေးကွက်ကို ထိခိုက်နေတာပါ။

ဘာတွေဖြစ်နေတာလဲဆိုရင် ( ၁ )  စိန်ဈေးတွေ သိသိသာသာကျနေလို့ပါ ။ ကမ္ဘာ့အကြီးဆုံး စိန်ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ ဒီဘီးယားရဲ့ ၂၀၂၆ ပထမနှစ်ဝက်အချက်အလက်အရ စိန်ကြမ်း  တစ်ကာရက်ရဲ့ ပျမ်းမျှရောင်းဈေး ဟာ တစ်ကာရက် ကန်ဒေါ်လာ ၁၀၅ လောက်ပဲ ရှိပြီး၊ ၂၀၂၅ ပထမနှစ်ဝက်နဲ့ယှဉ်ရင် ၃၂% ကျဆင်းသွားပါတယ်။ ၂၀၂၅ တစ်နှစ်လုံးမှာတောင် ဒီဘီးယားရဲ့ ပျမ်းမျှရောင်းဈေးက တစ်ကာရက် ၁၄၂ ဒေါ်လာ  ဖြစ်ပြီး ၂၀၂၄ ထက် ၇% ကျဆင်းခဲ့ပါတယ်။

(၂) ဓာတ်ခွဲခန်းစိန် က အကြီးဆုံးပြဿနာတစ်ခု ဖြစ်နေပါတယ်။ အဓိကပြောင်းလဲမှုက ဓာတ်ခွဲခန်းစိန် တွေမှာဖြစ်နေတာပါ။ 

အဲ့ဒါတွေက သဘာဝစိန်နဲ့ ဓာတု၊ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေ အလွန်နီးစပ်ပေမယ့် ထုတ်လုပ်စရိတ်နဲ့ ရောင်းဈေးက အများကြီးသက်သာပါတယ်။ အမေရိကန်မှာတော့ စေ့စပ်လက်စွပ်တွေထဲက ၆၀% ကျော်ဟာ ဓာတ်ခွဲခန်းစိန်တွေ ဖြစ်နေပြီ လို့ လတ်တလော စျေးကွက်အချက်အလက်တွေက ဖော်ပြပါတယ်။ဒါကြောင့် လူတွေက သဘာဝစိန်တစ်လုံးအတွက် ဒေါ်လာထောင်ချီ၊ သောင်းချီပေးရမယ့်အစား အဲ့ဒိစိန်တွေ ကို ဘာလို့မဝယ်ကြတာလဲ ဆိုပြီး စဉ်းစားလာကြတာပါ။

(၃ ) ဓာတ်ခွဲခန်းစိန်တွေရဲ့ ဈေးကလည်း ထပ်ပြီးကျနေတယ်။ ဒီဟာက စိန်လုပ်ငန်းအတွက် ပိုကြီးတဲ့ပြဿနာပါ။  ဓာတ်ခွဲခန်းစိန်တွေရဲ့ လက်ကား ဈေးဟာ ၂၀၂၀ ကတည်းက ၉၃% လောက်အထိ ကျဆင်းလာတယ် လို့ လတ်တလော စျေးကွက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ အဓိပ္ပာယ်က စိန်ကို ရှားပါးပြီး တန်ဖိုးကြီးတဲ့ အရာတစ်ခုဖြစ်တဲ့ ဂုဏ်အရည်အသွေးကို ထိန်းထားဖို့ ပိုခက်လာတာ ပါ။

(၄)ဒီဘီးယား ကိုယ်တိုင်တောင် ထိခိုက်နေပါတယ်။ ဒီအခြေအနေက သာမန် စိန်ဆိုင်လေးတွေမှာပဲ ဖြစ်နေတာမဟုတ်ပါဘူး။ ဒီဘီးယား ရဲ့ ၂၀၂၅ ရလဒ်မှာ ကန်ဒေါ်လာ ၅၀၀ ကျော် အရှုံးပေါ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ကုမ္ပဏီရဲ့ စာရင်းတန်ဖိုးကိုလည်း ကန်ဒေါ်လာ ၂,၃ ဘီလီယံအထိ လျှော့ချပြီး ထိန်းထားခဲ့ရပါတယ်။ အကြောင်းရင်းတွေထဲမှာ သဘာဝစိန် နဲ့ ဓာတ်ခွဲခန်းစိန် ကြား စားသုံးသူရွေးချယ်မှု ပြောင်းလာတာ နဲ့ စျေးကွက်မှာ စိန်ကြမ်းအထည်တွေ ရောင်းအား ပိုလျှံနေတာတွေ ပါဝင်ပါတယ်။

ဒါဆို “စိန်ဈေးကွက် ပျက်ပြီ” လို့ ပြောလို့ရလား။ သဘာဝစိန်ရဲ့ အောက်ခြေဈေးတန်း ဈေးကွက်ကတော့ အတော်လေး ပြင်းပြင်းထန်ထန် ထိခိုက်နေပြီ လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် စိန်အားလုံး တန်ဖိုးမရှိတော့ တာလားဆိုတာကတော့ မဟုတ်ပါဘူး။ အရည်အသွေးမြင့်၊ အရွယ်ကြီးတဲ့ သဘာဝစိန် တွေကတော့ ဝယ်လိုအား ပိုခံနိုင်ရည်ရှိနေဆဲပါ။ ဒီဘီ’ယား ကိုယ်တိုင်လည်း ၂၀၂၅ မှာ အရွယ်ကြီးပြီး အရည်အသွေးကောင်းတဲ့ စိန်တွေကို ဝယ်လိုအား ပိုကောင်းလာတယ် လို့ ဆိုထားပါတယ်။

အတိုချုပ်ဆိုရင် သဘာဝစိန်ဈေးကွက် က အကြီးအကျယ်ကျဆင်းနေပါတယ်။  ဓာတ်ခွဲခန်းစိန်က ပိုသက်သာ လာပြီး ဈေးကွက်ဝေစု တက်လနေပါတယ်။  သဘာဝစိန် အနိမ့်နဲ့ အလယ်အလတ်တန်း ကတော့ အထိခိုက်ဆုံးဖြစ်နေသလို ရှားပါးပြီး အရည်အသွေးမြင့် သဘာဝစိန် အလုံးကြီးတွေကတော့ တန်ဖိုးထိန်းနိုင်ပါသေးတယ်။ ဒီဘီးယား လို အကြီးစားကုမ္ပဏီတွေတောင် အကြီးအကျယ် ထိခိုက်နေပါတယ်။ အရေးကြီးတာက “စိန်ကိုရှားပါးလို့ တန်ဖိုးကြီးတယ်” ဆိုတဲ့ ရိုးရာစိန်ဈေးကွက်ရဲ့ စီးပွားရေးပုံစံကို ဓာတ်ခွဲခန်းစိန်တွေက အခြေခံကနေ ပြောင်းလဲပစ်နေပြီလို့ ဆိုလိုက်ပါရစေ။ 


REF: IDEX

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)