မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျ




မြို့သစ်၊ ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် ဩဂုတ်လလဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ယနေ့ဩဂုတ်လ ၂၆ ရက်နေ့နံနက် ၆ နာရီ ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။

စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး  လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၅၀)ပေရှိသည့်အတွက်ရေပိုလွှဲမှ (သုည ဒသမ ငါးပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့် အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၇၀ ပေ) ရှိသည့်အတွက် ရေပိုလွှဲမှ (သုည ဒသမ နှစ်ပေခန့်)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်းသိရသည်။  

စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်းဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက်  စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရေးအတွက်   မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အနီးကပ်ကြည့်ရှုစစ်ဆေးကာ တမံအောက်ဘက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝင်းအိဇွန် 

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)