ပုသိမ်၊ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့တွင် ဇလွန်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ရေပေါက်ကြီးကျေးရွာသို့ ရောက်ရှိပြီး ဧရာဝတီမြစ်ရေ ဝဲလှည့်တိုက်စားမှုကြောင့် ကမ်းပါးအလျား ၂၅၀ ပေ၊ အနံ ၇၀ ပေခန့် ရေတိုက်စားမှုအား ကာကွယ်ရန် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ရေတိုက်စားမှု ကာကွယ်နိုင်ရေးအတွက် Steel Cable Groyne ၂၅၀ ပေ တပ်ဆင်ထားရှိမှုနှင့် သဲအိတ်၊ ဆွဲသစ်ကိုင်းများ ချထားဆောင်ရွက်နေမှုတို့ကို စစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ရေပေါက်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် မြစ်ကမ်းပါးနှင့် နီးကပ်လျက်ရှိသော ဝါးအိမ် ၁၉ လုံးမှ ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်သည့် ထောက်ပံ့ငွေများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်သည့် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။ ထို့ပြင် ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး စာသင်ဆောင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားသည်။
#News #Myanmar











No comments:
Post a Comment