တာမွေ၊ ဩဂုတ် ၁၄
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲကို ယနေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအား YBS ယာဉ်လိုင်းကုမ္ပဏီများမှ YBS ခရီးသည်တင်ယာဉ်များ စနစ်တကျ ပြေးဆွဲပေးနေမှု၊ YBS ခရီးသည်တင်ယာဉ်များပေါ်တွင် တပ်ဆင်ထားသော ယာဉ်စီးခပေးချေသည့် YPS ကတ်ဖြတ် စနစ်အား ခရီးသွားပြည်သူများ တွင်တွင်ကျယ်ကျယ် အသုံးပြုလာမှုနှင့် YBS ခရီးသည်တင်ယာဉ်များ ပြုပြင်ထိန်းသိမ်းစရိတ် ကြီးမြင့်လာမှုကြောင့် ယာဉ်စီးခနှုန်းထားများ တိုးမြှင့်ကောက်ခံသွားမည့် အခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသောမီဒီယာများက သိရှိလိုသည်များနှင့် ပတ်သက်၍ မေးခွန်းများမေးမြန်းခဲ့ရာ ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ တာဝန်ရှိသူများက အသီးသီးပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )၏ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထက်တံခွန်
#News #Myanmar




No comments:
Post a Comment