ဘိုဂိုတာ၊ ဩဂုတ် ၁၉
ကိုလံဘီယာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သော နောက်ဆုံးအချက်အလက်များအရ နိုင်ငံအနောက်ပိုင်းတွင် ဩဂုတ် ၁၀ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ဒေသစံတော်ချိန် ဩဂုတ် ၁၈ ရက် နံနက် ၆း၃၀ နာရီအထိ လူ ၃၀၄ ဦး သေဆုံးကာ ၄,၅၄၈ ဦး ဒဏ်ရာရရှိပြီး ၄၂၆ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ငလျင်ဒဏ်ကို ကိုလံဘီယာနိုင်ငံတစ်ဝန်း ပြည်နယ် ၁၅ ခုရှိ မြို့နယ် ၄၇၂ ခုတွင် ခံစားခဲ့ရပြီး သဘာဝဘေးဒဏ်သင့်သူဦးရေမှာ ၂၉၂,၀၀၀ အထိရှိကြောင်း အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ဆေးဘက်ဆိုင်ရာဌာန ၃၀၃ ခု၊ ပညာရေးဌာန ၃,၄၄၃ ခုနှင့် လူနေရပ်ကွက် ၃,၉၀၅ ခုတို့သည် ငလျင်အတွင်း ပျက်စီးခဲ့ပြီး လမ်း ၄၁၃ ခု၊ ရေပေးဝေရေးအဆောက်အအုံ ၈၆ ခုနှင့် လေဆိပ် ၅ ခုတို့လည်း ထိခိုက်ခဲ့သည်။
ကိုလံဘီယာ ဘူမိဗေဒဌာန၏ ထုတ်ပြန်ချက်အရ ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းတွင် ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက်က ပြင်းအား ၇.၄ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ ငလျင်ဗဟိုချက်မှာ Chocó ပြည်နယ် San José del Palmar မြို့မှ ကီလိုမီတာ ၂၀ ခန့် အကွာတွင် ရှိပြီး ငလျင်အနက်မှာ ၉၆ ကီလိုမီတာ ဖြစ်ကြောင်း သိရသည်။
Ref - (Xinhua)
#News #Myanmar

No comments:
Post a Comment