စစ်တွေ၊ ဩဂုတ် ၁၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးနိုင်ဦးသည် ယမန်နေ့နံနက်ပိုင်းက ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌ ကုလသမဂ္ဂကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael John Dunford နှင့်အဖွဲ့အား လက်ခံတွေ့ဆုံကြသည်။
တွေ့ဆုံစဉ် စစ်တွေမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် IDP စခန်းတို့တွင် နေထိုင်ကြသည့် ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့မှ ဆန်နှင့်စားရေရိက္ခာများ ထောက်ပံ့ပေးနေမှုအခြေအနေ၊ WFP အစီအစဉ်ဖြင့် စားနပ်ရိက္ခာနှင့်ထောက်ပံ့ငွေများ ထောက်ပံ့နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေးနိုင်မှု အခြေအနေတို့အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း
#News #Myanmar

No comments:
Post a Comment