ဟော်မုဇ်ရေလက်ကြားကို အမေရိကန်တွေရဲ့ ပိုက်နက်နယ်မြေအသစ်အဖြစ် ထရမ့်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟော်မုဇ်ရေလက်ကြားကို အမေရိကန်တွေရဲ့ ပိုက်နက်နယ်မြေအသစ်အဖြစ် ထရမ့်ကြေညာ


ဩဂုတ် - ၁၉ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ် ရေလက်ကြား ကို "အမေရိကန်ရဲ့ ပိုင်နက်အသစ်" လို့ ကြေညာလိုက်ပြီးနောက် အီရန်က ထရမ့်ကို "စိတ်ကူးယဉ် အိပ်မက်သမား" လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ပဋိပက္ခတွေကြောင့် တင်းမာနေဆဲဖြစ်တဲ့ အဆိုပါ မဟာဗျူဟာမြောက် ရေလမ်းကြောင်းနဲ့ ပတ်သက်ပြီး ထရမ့်က အင်္ဂါနေ့မှာ ထရုသ်ဆိုရှယ်မီဒီယာကနေ ကနေ ကြေညာလိုက်တာပါ။ အမေရိကန်သမ္မတဟာ သူ့အကောင့်မှာ ရေလက်ကြားနဲ့ ပတ်ဝန်းကျင်မြေပုံတစ်ခုကို မျှဝေခဲ့ပြီး အဲဒီအထဲက ဧရိယာတစ်ခုကို ဝိုင်းပြကာ "အမေရိကန်ပြည်ထောင်စု၏ ပိုင်နက်အသစ်" လို့ စာတန်းထိုးပြခဲ့ပါတယ်။

ဒီပိုစ့်ကြောင့် တီဟီရန် ဘက်က အလျင်အမြန် တုံ့ပြန်ခဲ့ပြီး အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ်ဂဟာရီဘာဘာဒီ က ထရမ့်ရဲ့ "စိတ်ကူးယဉ်မှုများ" ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သလို အီရန်ဘက်ကလည်း ဒါကို "ပြင်ဆင်ပေးသွားမယ်" လို့ သတိပေးခဲ့ပါတယ်။

ဟော်မုဇ် ရေလက်ကြားကို ပိုင်ဆိုင်ကြောင်း ပြောဆိုပြီး မကြာမီမှာပဲ ထရမ့်က အီရန်နဲ့ "ဆွေးနွေးပွဲ သို့မဟုတ် စကားပြောဆိုမှုတွေ လုံးဝ မရှိသလို၊ ပြုလုပ်ဖို့ အစီအစဉ်လည်း မရှိဘူး" လို့ အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် "ရေကြောင်း ပိတ်ဆို့ထားမှုကို အပြည့်အဝ ဆက်လက် စေခိုင်းထားဆဲ ဖြစ်သလို၊ ဟော်မုဇ် ရေလက်ကြားဟာ လည်း ပွင့်လင်းစွာ လည်ပတ်နေပါတယ်။ ရေအောက် မိုင်းတွေ အားလုံးကိုလည်း ဖယ်ရှား သို့မဟုတ် ဖောက်ခွဲပစ်ပြီးပြီ" လို့ ထရမ့်က ထရုသ်ဆိုရှယ် မှာ နောက်ထပ် ပို့စ်တစ်ခု တင်ခဲ့ပါသေးတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)