စစ်တွေ၊ ဩဂုတ် ၈
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း (လျာထားချက်) နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၇ ရက်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနများမှ တာဝန်ရှိသူများတက်ရောက်ခဲ့သည်။
ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေနှင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်မြင့်တို့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရခိုင်ပြည်နယ်၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း (လျာထားချက်)နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း
#MNP #News

No comments:
Post a Comment