ကန့်ဘလူ၊ ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် တန့်ဆည်မြို့နယ် မူးမြစ်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၈ ရက်နံနက် ၉ နာရီက ကန့်ဘလူ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌများနှင့်တာဝန်ရှိသူများ၊ ရေဘေးသင့် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက အဖွင့်အမှာစကားပြောကြားပြီး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦးကလည်းကောင်းပေးအပ်ရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူကြသည်။
ထို့နောက် ရေဘေးသင့်ပြည်သူများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ အဆိုပါထောက်ပံ့ငွေပေးအပ်ပွဲတွင်ရေဦးခရိုင် တန့်ဆည်မြို့နယ် မူးမြစ်ရေဘေး သင့်ပြည်သူ ၆၄၈၅ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဆန်ရိက္ခာဖိုးငွေကျပ် ၃၂၄၂၅၀၀၀ နှင့်စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ငွေကျပ် သိန်း ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
#MNP #News

No comments:
Post a Comment