နေပြည်တော်၊ ဩဂုတ် ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ များလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုအခြေအနေနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အသက်(၁၀၀)နှင့်အထက် သက်ကြီးပုဂ္ဂိုလ်အား သွားရောက်တွေ့ဆုံ ဂါဝရပြုခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ကျောင်ဝင်းအတွင်း ရေဝင်ရောက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေစီးရေလာကောင်း မွန်အောင်ဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အမြဲမပြတ်ဆောင်ရွက်ရေးနှင့် လိုအပ်သည်များ မှာကြားပြီး ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိအသက်(၁၂၀)နှစ်ပြည့်ပြီးဖြစ်သော အဖွားဒေါ်စောကြည်အား သွားရောက်တွေ့ဆုံ ဂါရဝပြုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အသက်(၁၀၀)နှစ်နှင့် အထက်လက်ရှိနေထိုင်သူ ၂၄ ဦးရှိကြောင်း ပြည်ထောင်စုနယ် မြေဦးစီးမှူးရုံး၊ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၊ မြို့တော်ခန်းမဂိတ်(၃)ရှေ့ လမ်းဘေးဝဲ/ယာ ပလက်ဖောင်းပေါ်ရှိ ရေညှိများအား Water Pressure Pump ဖြင့် ဆေးကြောခြင်း ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
#News #Myanmar





No comments:
Post a Comment