ဩဂုတ် - ၁၀ ( တနင်္လာနေ့ )
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဟာ ပြည်တွင်းမှာပဲ သတ္တုထုတ်လုပ်မှုတွေကို ပိုမိုမြှင့်တင်ဖို့နဲ့ သဘာဝ သယံဇာတတွေကနေ တိုင်းပြည်အတွက် ဝင်ငွေ ပိုမိုရရှိစေဖို့အတွက် ကြေးနီ နဲ့ ကိုဘော့ သတ္တုရိုင်း တင်ပို့မှုတွေ ကို ပိတ်ပင်လိုက်တယ်လို့ အစိုးရအမိန့်ကြော်ငြာစာကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေ စိုးမိုးထားတဲ့ ကွန်ဂိုရဲ့ အရေးပါတဲ့ သတ္တုတူးဖော်ရေး ကဏ္ဍမှာ အမေရိကန်(ဝါရှင်တန်)ဘက်က ပိုမိုဝင်ရောက် လုပ်ကိုင်ခွင့်ရဖို့ ကြိုးပမ်းနေချိန်မှာပဲ အခုလို ပိတ်ပင်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီတားမြစ်မိန့်ဟာ ဇွန်လ ၂၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်အရ ချက်ချင်း သက်ရောက်မှု ရှိခဲ့တာပါ။ ဒါပေမဲ့ "မဟာဗျူဟာမြောက်" အခြေအနေတွေမှာတော့ သတ္တုတွင်းဝန်ကြီးအနေနဲ့ ၁ နှစ် သက်တမ်းရှိ ကင်းလွတ်ခွင့် ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ စီးပွားရေးအရ အရေးပါတဲ့ သတ္တုတွင်း ထွက်ကုန် ဘေးထွက်ပစ္စည်းတွေအတွက် အခွန်စနစ်သစ်တစ်ခုကိုလည်း ထည့်သွင်းသတ်မှတ်ခဲ့ပြီး ၃ လတာ ကူးပြောင်းရေးကာလ သတ်မှတ်ပေးထားပါတယ်။
ကွန်ဂိုနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကိုဘော့ ထုတ်လုပ်တဲ့နိုင်ငံဖြစ်သလို ဒုတိယမြောက် အကြီးဆုံး ကြေးနီ ထောက်ပံ့တင်ပို့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ အဓိက လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေထဲမှာ တရုတ်ကုမ္ပဏီတွေ ဖြစ်ကြတဲ့ CMOC၊ ဟွာယုကိုဘော့ နဲ့ ဇင်ကျင်မိုင်းနင်း တို့အပြင် အင်္ဂလိပ်-ဆွစ် ပူးတွဲ ဂျီလန်ကိုး အုပ်စု၊ ကနေဒါရဲ့ အိုင်ဗင်ဟို မိုင်း နဲ့ လူဇင်ဘတ်အခြေစိုက် ယူရေရှန်ရဆို့အဖွဲ့တို့ ပါဝင်ပါတယ်။
ဒီသတ္တုကဏ္ဍဟာ တရားမဝင် တူးဖော်မှုတွေနဲ့ မှောင်ခိုကူးရရှိတဲ့ သတ္တုတွေကနေရတဲ့ ငွေကြေးတွေဟာ လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့ပေးနေပြီး နိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ပိုမိုဆိုးရွားစေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာ ကြာပါပြီ။ M23 သူပုန်အဖွဲ့ဆိုရင် ကော်လ်တန် ဓာတ်သတ္တု အဓိကထွက်ရှိရာ မြောက်ကိဗူ ဒေသရှိ ရူဘာယာ သတ္တုတွင်းဧရိယာ အပါအဝင် သတ္တုကြွယ်ဝတဲ့ နယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
စိစစ်ရရှိထားတဲ့ အချက်အလက်တွေအရ အာဏာပိုင်တွေဟာ ၂၀၂၅ ခုနှစ်တုန်းကလည်း ကိုဘော့ ဈေးကွက်မှာ ရောင်းလိုအား အလွန်အမင်း များပြားသွားပြီး ၉ နှစ်တာကာလအတွင်း အနိမ့်ဆုံးအထိ ဈေးထိုးကျသွားခဲ့တာ ကြောင့် တင်ပို့မှုကို အရင်က ကန့်သတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှပဲ အဲဒီ တားမြစ်မိန့်ကို ပယ်ဖျက်ပြီး တစ်နှစ်စာ ရောင်းချခွင့် ပမာဏ တွေနဲ့ အစားထိုး သတ်မှတ်ပေးခဲ့တာပါ။
လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဝါရှင်တန် (အမေရိကန်) နဲ့ ကင်ရှာဆာ (ကွန်ဂို) တို့ဟာ အရှေ့ပိုင်းဒေသ စစ်ပွဲတွေ ငြိမ်းချမ်းရေးအတွက် အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ကွန်ဂိုနဲ့ ရဝမ်ဒါတို့အကြား ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့အတူ မဟာဗျူဟာမြောက် သတ္တုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဒီ သတ္တုဆိုင်ရာ သဘောတူညီချက်ရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ မဟာမိတ် ကုမ္ပဏီတွေကို ကွန်ဂိုရဲ့ သယံဇာတ ထွက်ကုန်တွေကို ရေရှည် ရယူသုံးစွဲခွင့် ပေးဖို့ဖြစ်ပါတယ်။ အမေရိကန်ဘက်ကတော့ ဒီသဘောတူညီချက်ဟာ တရုတ်က ထိန်းချုပ်ထားတဲ့ ထောက်ပံ့ရေး ကွင်းဆက်တွေအပေါ် အမှီပြုနေရတာကို လျှော့ချရင်း ကွန်ဂိုနိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးဖို့ ဖြစ်တယ်လို့ ပုံဖော်ပြောဆိုထားပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment