မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်သည့်နေရာမှ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ ပြောင်း‌ရွှေ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်သည့်နေရာမှ ရေဘေးသင့်ပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ ပြောင်း‌ရွှေ့




မင်းကင်း၊ ဩဂုတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက်ရောက်ရှိလာသဖြင့် မြစ်ရေဝင်ရောက်သည့် အမှတ်(၃)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ယွန်းဘုန်းတော်ကြီးကျောင်းရှိ ယာယီရေဘေးရှောင်စခန်းသို့ ယမန်နေ့က ပြောင်းရွှေ့ပေးလျက်ရှိသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ပါဝင်သောအဖွဲ့များက လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြောင်းရွှေ့‌ နေထိုင်ရန်လိုအပ်သည့် ရေဘေးသင့်ပြည်သူများအား ယွန်းဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ ခေတ္တပြောင်းရွှေ့နေထိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်‌ပေးသည်။

မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် ယာယီရေဘေးရှောင်စခန်းသို့ အိမ်ထောင်စု (၃၄)စု လူဦးရေ(၁၀၇)ဦးရှိကြောင်းနှင့် ကူညီဆောင်ရွက်ရာတွင် မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီး‌‌ရေးရာ၊ မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)