ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ







ကျိုက်ထို၊ ဩဂုတ်  ၉

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင်မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ‌ ခေတ္တဥက္ကဋ္ဌ ဦးအောင်အေးခန့်တို့က အမှာစကားပြောကြားပြီးမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးအေးခိုင်က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ် အဆိုပြုလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့သည်။ 

ဆက်လက်၍ ကျိုက်ထိုမြို့နယ်၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။ ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များမှ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြပြီး တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးညှိနှိုင်း တင်ပြခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးလှ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းထိုက်နှင့် ဦးစိုးမင်းစမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာဦး၊

ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ ရေးကော်မတီဥက္ကဋ္ဌဦးကံ‌စောလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ‌ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြောင်းသိရသည်။


ပြည့်ဖြိုး

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)