လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၁ဝ

မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နယ်မြေဒေသအသီးသီး၌ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ရှာဖွေစစ်ဆေးဖော်ထုတ်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းသတင်းအရ ပူးပေါင်းအဖွဲ့ များပါဝင်သော တပ်မတော်စစ်ကြောင်းများသည် လိုအပ်သည့် ရှာဖွေစိစစ်မှုများ ဆောင်ရွက်စဉ် ယနေ့နံနက်ပိုင်းတွင် လဲချားမြို့နယ်၊ ဆီးဆောကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ ခန့်သို့ အရောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီအလုပ်ရုံမိုးကာတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီလူနေမိုးကာတဲ ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၀ ပေ ထမင်းချက်ဆောင် မိုးကာတဲ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေ ယာယီ လူနေမိုးကာတဲ ၁ လုံး၊ Star Link ၁၀ စုံ၊ Star Link ဗန်း ၂ ခု၊ Laptop ၂၅ လုံး၊ Power Station ၆ လုံး၊ Wifi U6 Pro ၆ ခု၊ Freezer (အလတ်) ၁ လုံး၊ ပလတ်စတစ်စားပွဲ၊ ကုလားထိုင်များ၊ မီးစက် ၂ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများသည် အဆိုပါနေရာတစ်ဝိုက်အား ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဆီးဆောရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင်တရုတ်နိုင်ငံသား အမျိုးသား ၁၁ ဦးတို့အား လည်းကောင်း၊ ဆီးဆောရွာ၏တောင်ဘက် မီတာ ၁၇၀၀ ခန့်တွင် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ လုပ်ကိုင်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၆ ဦးကိုလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ်ခဲ့သည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၃၄ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)