ပခုက္ကူတက္ကသိုလ်၏ ပရိုဂျက်ပြပွဲ၊ပြိုင်ပွဲသို့ အခြေခံပညာကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၏ ပရိုဂျက်ပြပွဲ၊ပြိုင်ပွဲသို့ အခြေခံပညာကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာ






ပခုက္ကူ၊ ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများသည် ယမန်နေ့နံနက်ပိုင်းက ပခုက္ကူတက္ကသိုလ်သို့သွားရောက်၍ ဘာသာရပ်များအလိုက် ပရိုဂျက် ပြပွဲ၊ပြိုင်ပွဲနှင့် အဆင့်မြင့်တက္ကသိုလ်ပညာရပ်များလေ့လာခဲ့ကြကြောင်းသိရသည်။

ပထမဦးစွာ ပခုက္ကူတက္ကသိုလ်၊ ဘက်စုံခန်းမ၌ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကြိုဆိုပြီး ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က တက္ကသိုလ်အကြောင်းသိကောင်းစရာများ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များဦးဆောင်မှုဖြင့် အခြေခံပညာအထက် တန်းကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁၀)ကျောင်းမှ  တာဝန်ခံကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ Grade-12 ကျောင်းသား ကျောင်းသူ(၆၉၄)ဦးတို့က ပခုက္ကူတက္ကသိုလ် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ဌာနများ၏သမိုင်းကြောင်းများ၊ ရှေးဟောင်းပစ္စည်းများနှင့်စာတမ်းများပါဝင်သောပရိုဂျက်ပြပွဲများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများကိုယ်တိုင်သုတေသန ပြုလုပ်ထားသော လက်မှုပညာများ၊ အသုံးအဆောင်များ၊ စားသောက်ကုန်များ၊ လက်တွေ့ဓာတ်ခွဲစမ်းသပ်မှုများဆိုင်ရာ ပရိုဂျက် ပြိုင်ပွဲများအား  လှည့်လည်ကြည့်ရှုလေ့လာကြသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် သိပ္ပံဘာသာရပ်ဌာနများအလိုက် သင်ကြား၊သင်ယူမှုပုံစံများ၊ လက်တွေ့သင်ကြားလေ့ကျင့် ပေးနေမှုများနှင့် လက်တွေ့ခန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုပြီး ပါမောက္ခ(ဌာနမှူး)များ၏ လက်တွေ့ရှင်းလင်းပြသမှု များအပေါ် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကာ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)