အီရန်စစ်ပွဲကြောင့် အမေရိကန်လယ်သမားတွေဟာ နှစ် ၄၀ အတွင်း အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံနေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်စစ်ပွဲကြောင့် အမေရိကန်လယ်သမားတွေဟာ နှစ် ၄၀ အတွင်း အဆိုးဝါးဆုံး အခြေအနေနဲ့ ကြုံနေရ


ဩဂုတ် - ၃၁ ( တနင်္လာနေ့ ) 

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဒီဇယ်နဲ့ မြေသြဇာ ဈေးနှုန်းတွေ မြင့်တက်လာတာမို့လို့ အမေရိကန် သီးနှံစိုက် တောင်သူတွေဟာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဖနန်ရှယ်တိုင်းမ် စီးပွားရေး သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခု နောက်ဆုံး ကြုံတွေ့ရတဲ့ ဈေးနှုန်း ရိုက်ခတ်မှုဟာ နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့တဲ့ သီးနှံဈေးနှုန်း ကျဆင်းမှုနဲ့ ဝင်ငွေ လျှော့နည်းမှုတွေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။

ဖေဖော်ဝါရီလတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန် (တီဟီရန်) ဘက်က ကမ္ဘာ့စွမ်းအင် ထောက်ပံ့မှုရဲ့ လေးပုံတစ်ပုံနီးပါးကို သယ်ယူပို့ဆောင်ပေးနေတဲ့ အဓိက လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ကုန်သွယ်ရေး သင်္ဘောတွေ သွားလာခွင့် မရအောင် ပိတ်ဆို့ခဲ့တာကြောင့် အခုလို ဖိအားတွေ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာတဲ့ စွမ်းအင်စရိတ်တွေ မြင့်တက်မှုဟာ ကွန်ဂရက်လွှတ်တော် ထိန်းချုပ်ခွင့်ကို ဆုံးဖြတ်ပေးမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ အမေရိကန် ပြည်တွင်းရေးကို အပြင်းအထန် ရိုက်ခတ်နေပါတယ်။

စစ်ဆင်ရေးတွေ စတင်ခဲ့တဲ့ချိန်ကစလို့ ဒီဇယ်နဲ့ မြေသြဇာ ဈေးနှုန်းတွေတောက်လျှောက် မြင့်တက်လာတာကြောင့် ပြောင်းစိုက်ပျိုးရေး ဒေသတစ်လျှောက်ရှိ တောင်သူတွေဟာ အထူးသဖြင့် ကြီးမားတဲ့ ထိခိုက်မှုတွေ ကြုံတွေ့နေရတယ်လို့ FT သတင်းစာက ဖော်ပြခဲ့ပါတယ်။ နီဘရက်စကာ တောင်သူများသမဂ္ဂ ဥက္ကဋ္ဌ ဂျွန်ဟန်ဆန် ကတော့ ဒီ စီးပွားရေး ကျဆင်းမှုကို ၁၉၈၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း အဆိုးရွားဆုံး ကြုံတွေ့ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"စိုက်ပျိုးရေး ကုန်ကျစရိတ်တွေဟာ ပုံမှန် မဟုတ်တော့ဘဲ အလွန်အမင်း မြင့်တက်နေတယ်" လို့ နီဘရက်စကာ ပြည်နယ်က ပြောင်းနဲ့ ပဲပုပ် စိုက်ပျိုးသူ တောင်သူ မက်တ် ဘေလီ က သတင်းစာကို ပြောခဲ့ပါတယ်။ စိုက်ပျိုးချိန်မှာ သုံးစွဲရတဲ့ ဖော့စဖရပ်စ် ကြွယ်ဝတဲ့ မြေသြဇာတစ်မျိုးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က တစ်တန်ကို ၄၇၀ ဒေါ်လာဝန်းကျင်ပဲ ရှိခဲ့ပေမဲ့ အခုအခါ တစ်တန်ကို ဒေါ်လာ ၉၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်သွားပြီလို့ သူက ပြောကြားခဲ့ပါတယ်။

အမေရိကန် စွမ်းအင်သတင်းအချက်အလက် ဌာန (EIA) ရဲ့ ကိန်းဂဏန်းတွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျမ်းမျှ ဒီဇယ်ဈေးဟာ စစ်ပွဲမဖြစ်မီက တစ်ဂါလန်ကို ၃.၈၁ ဒေါ်လာ ရှိခဲ့ရာကနေ အခုအခါ ၅.၄၅ ဒေါ်လာဝန်းကျင်အထိ မြင့်တက်သွားခဲ့ပါတယ်။ "ဒီ [အီရန်] စစ်ပွဲဟာ တောင်သူတွေဖြစ်တဲ့ ကျမတို့အတွက် မရေရာ မသေချာမှုတွေ အများကြီး ဖြစ်စေခဲ့ပါတယ်" လို့ အမျိုးသား ပြောင်းစိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌဟောင်း ပမ် ဂျွန်ဆင် က FT သတင်းစာကို ပြောခဲ့ပါတယ်။ "နောက် ၂ နှစ်အတွင်း တောင်သူတွေ ဘာအမြတ်မှ ရကြတော့မှာ မဟုတ်ဘူးလို့ ခန့်မှန်းထားကြပါတယ်"။

ခုနောက်ဆုံး ကြုံတွေ့ရတဲ့ ဈေးနှုန်း ရိုက်ခတ်မှုဟာ အမေရိကန်ရဲ့ အဓိက သီးနှံစိုက်ပျိုးရေးကဏ္ဍ အခက်အခဲကြုံခဲ့ရတဲ့ နှစ်အတော်ကြာပြီးနောက် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ကူညီထောက်ပံ့မှု မရရှိပါက ၂၀၂၆ ခုနှစ်မှာ အဓိက သီးနှံ ၉ မျိုး စိုက်ပျိုးသူတွေအနေနဲ့ ဒေါ်လာ ၃၁ ဘီလီယံခန့် ဆုံးရှုံးရနိုင်ပြီး လာမယ့်နှစ်မှာ ဆုံးရှုံးမှုဟာ ဒေါ်လာ ၃၂ ဘီလီယံအထိ ရောက်ရှိနိုင်တယ်လို့ အမေရိကန် တောင်သူများအဖွဲ့ချုပ် (AFBF) စီးပွားရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ပြောင်းစိုက်သူတွေဟာ ဒီနှစ်မှာ တစ်ဧကကို ၁၃၁ ဒေါ်လာနဲ့ ၂၀၂၇ ခုနှစ်မှာ ၁၆၇ ဒေါ်လာ ဆုံးရှုံးနိုင်ပြီး၊ ပဲပုပ်စိုက်သူတွေကတော့ အသီးသီး ၈၀ ဒေါ်လာနဲ့ ၁၃၈ ဒေါ်လာ ဆုံးရှုံးရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒါ့ပြင် တောင်သူတွေဟာ နိုင်ငံရပ်ခြား အထူးသဖြင့် တရုတ်နိုင်ငံရဲ့ အမေရိကန် ပဲပုပ်ဝယ်လိုအား လျော့ကျသွားမှု အတွက် ဝါရှင်တန်ရဲ့ ကုန်သွယ်ရေး အငြင်းပွားမှုတွေကို အပြစ်တင်ခဲ့ကြပါတယ်။ ထရမ့်အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လမှာလည်း ဒီကဏ္ဍအတွက် အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၁၁ ဘီလီယံ ပေးအပ်ဖို့ ကွန်ဂရက်ဆီ တောင်းဆိုခဲ့ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)