ရေကြည်မြို့နယ်တွင်ရေဘေးကြောင့် ယာယီရေဘေးရှောင်စခန်း (၁၈)ခုဖွင့်လှစ်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေကြည်မြို့နယ်တွင်ရေဘေးကြောင့် ယာယီရေဘေးရှောင်စခန်း (၁၈)ခုဖွင့်လှစ်ထားရှိ







ရေကြည်၊ ဩဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားခြင်းကြောင့် ရေကြည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုပေါင်း(၈၃၀)၊ လူဦးရေပေါင်း(၂၉၆၀)၊ ရေဘေးကြောင့် ယာယီရေဘေးရှောင်စခန်း (၁၈)ခုဖွင့်လှစ်ထားပြီး ရေဝင်ရောက်သည့်စာသင်ကျောင်း (၆)ကျောင်းလည်းယာယီပိတ်ထားကြောင်းသိရသည်။

အဆိုပါရေဘေးကြောင့် ယာယီရေဘေးခိုလှုံရာစခန်း (၁၈)ခုဖွင့်လှစ်ထားရှိသည့် နေရာများသို့ ကျုံပျော်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ရေကြည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်လင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ၊ ပရဟိတလူငယ်များပါဝင်သောအဖွဲ့သည် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးသင့်အိမ်ထောင်စုများအားရေသန့် (၆) ဘူးပါ(၄၈၁)ကတ်၊ Royal-D (၁၂)ဘူးပါ (၆၀)ကတ်၊ ခေါက်ဆွဲခြောက် (၃၀) ထုပ်ပါ(၄၅)ဖာ၊ မုန့်ကြွပ် (၃၀)ထုပ်ပါ (၁၀)ဖာ၊ ဆန် ၂၄ ပြည်ပါ (၈)အိတ်၊ ထမင်းဘူးများအား ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့သူမြို့သားစေတနာရှင်များက နေ့စဉ်အလိုက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)