ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲကျင်းပ








ပခုက္ကူ ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော  ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်၉နာရီအချိန်က ပခုက္ကူမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊အမှတ်(၁)အခြေခံပညာ‌အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အမှာ စကားပြောကြားသည်။

ထို့နောက်ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအတွင်းထည့်သွင်းကျင်းပသော စာစီစာကုံးပြိုင်ပွဲ(အထက်တန်းအဆင့်)နှင့်ကျပန်းစကားပြောပြိုင်ပွဲ(အလယ်တန်းအဆင့်)တို့တွင် ဆုရရှိသူများ၊ အမြဲမပြတ် လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show)တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ အား ဂုဏ်ပြုဆုများနှင့် အခြေခံပညာကျောင်း(၈)ကျောင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် သုတရသစာအုပ်စာစောင်များ ကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များက  ပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာ သည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတရသဆိုင်ရာစာအုပ်စာစောင်များ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံနှင့် အသိပညာပေးနံရံကပ်ပြဘုတ်များအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်း “Never Stop Learning Talk Show” ကျင်းပ ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင် ရွက်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးဦးတို့က စာရေးဆရာနန္ဒာသိန်းဇံ ရေးသားထုတ်ဝေထားသော “ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း” စာအုပ်ပါအကြောင်းအရာနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)