ပခုက္ကူမြို့၌ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပမည့် ကွင်းပြင်နေရာအား ရှင်းလင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပမည့် ကွင်းပြင်နေရာအား ရှင်းလင်းဆောင်ရွက်




ပခုက္ကူ၊ ဩဂုတ် ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မဟာဝိသုတာရာမ(အလယ်)တိုက် ဦးစီးပဓာန မဟာနာယက နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပညာဇောတ(အဘိဓဇမဟာရဋ္ဌဂုရု) သက်တော် ၈၁နှစ်၊ သိက္ခာ ၆၁ရှိ မဟာထေရ် မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနား(မီးသင်္ဂြိုဟ်ကွင်းပူဇော်)ကျင်းပမည့် ကွင်းပြင်နေရာအား ယမန်နေ့ကစတင်ပြီး ရှင်း လင်းဆောင်ရွက်လျက်ရှိကြောင်း အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီထံက သိရသည်။

ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း ၁၃၈၈ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ရက် (၂၆-၈-၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၄နာရီတွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၏ဦးဆောင်မှုဖြင့်  ခရိုင်သာသနာရေးဦးစီးဌာန၊ ဩဝါဒစရိယဆရာတော်ကြီးများ၊ ဌာနဆိုင် ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊တပည့်သာဝကများစုပေါင်း၍ အန္တိမအဂ္ဂိဈာပနအခမ်းအနားအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးခေါ်ယူကျင်းပကာ ဩဝါဒစရိယဆရာတော်ကြီးများအဖွဲ့ဦးစီးကော်မတီ၊ အန္တိမအဂ္ဂိဈာပနအခမ်းအနား ကျင်းပရေးကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ၊ အန္တိမအဂ္ဂိဈာပနပို့ဆောင် ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လှူဖွယ်ဝတ္ထုနှင့်ဆွမ်းဆက်ကပ်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဆပ်ကော်မတီတို့ကိုဖွဲ့စည်း၍ လုပ်ငန်းတာဝန်များပေးအပ်ခဲ့ကြောင်း၊ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး အခမ်းအနားကျင်းပမည့် ကွင်းပြင်နှင့်လမ်းတစ်လျှောက်မြေနေရာများရှိ သစ်ကိုင်းသစ်ခက်များ၊ ချုံနွယ်မြက်ပင်များ၊ အမှိုက်သရိုက်များအား ရှင်းလင်း ဖယ်ရှားခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများ ဝိုင်းဝန်းဆောင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)