ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင် ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များ ညီလာခံသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင် ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုတိယအကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များ ညီလာခံသို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ


ရန်ကုန်၊ ဩဂုတ် ၃၀

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆) ဒေါက်တာကျော်ထွန်းတို့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပသည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များညီလာခံသို့ တက်ရောက်ရန် ဩဂုတ် ၂၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ပြီး ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင် ပင်မြို့ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဆီးနိတ်လွှတ်တော်မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဒုတိယဥက္ကဋ္ဌဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ်အတွင်း ဩဂုတ် ၂၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဒုတိယဥက္ကဋ္ဌ H.E.Mr.Ouch Borith နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဩဂုတ် ၂၇ ရက်တွင် ဒုတိယအကြိမ်မြောက် နိုင်ငံတကာလွှတ်တော်များ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌက မိန့်ခွန်းပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ် ၂၈ ရက် ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ Techo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ လေဆိပ်၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။     


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)